Part - 17

1.3K 165 42
                                    


အတိတ်တွေကိုပြန်လှန်ပြောရင် ပျော်ရွှင်မှုကပိုအလေးသာတယ်။မချစ်ခင်တုန်းက ဖြူစင်မှုတွေကြား လူမသိသူမသိရင်ခုန်ခဲ့ကြပြီး ချစ်ကြပြန်တော့ အူလှိုက်သည်းလှိုက်ချစ်ခဲ့ရတယ်။

လွန်ခဲ့တဲ့ခုနှစ်နှစ်၊ သူ့မျက်စိရှေ့ကိုရောက်လာတဲ့ အဝတ်အစားကပိုကရိုနဲ့ လူကိုမိုက်ကြည့်ကြည့်တတ်တဲ့မျက်လုံးတွေ။ ဆောင်းဟွန်းမိတ်ဆက်ပေးလို့သာ ဆောင်းဟွန်းရဲ့သူငယ်ချင်းဆိုတာ ယုံရတယ်... တကယ်က ထိုကောင်လေးပုံစံက တစ်စက်မှယုံဖွယ်ရာမရှိလေတာ။

ကိုယ့်ဖက်က တစ်ရင်းတစ်နှီးနှုတ်ဆက်တာတောင် နက်မှောင်တဲ့မျက်ခုံးတွေကိုပင့်ပြီး ရင်းနှီးလိုစိတ်မပါတဲ့အသံနဲ့နှုတ်ဆက်လာတယ် 'အင်း။ဇိန်းလို့ခေါ်တယ်'တဲ့။

လူကြီးလူကောင်းဆန်နဲ့ကိုယ်ကပဲ ၇နှစ်ကျော်ငယ်တဲ့ထိုကောင်လေးကိုအလျော့ပေးလိုက်မိတယ်။ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတဲ့ ဘယ်သူ့ကိုမှ အကျောမပေးဖူးတဲ့ သူကလေ...

အဲ့ဒီကောင်လေးကအရာရာကိုပေါ့ပျက်ပျက်တွေးပြီး ဘဝကိုအသာလေးဖြတ်သန်းနေသူလိုပဲ။

ဆောင်းဟွန်းက ဒါဆို သူက ဟိုဟာ။ဆောင်းဟွန်းက တောင်ဆို သူက မြောက်။ဘယ်တော့မှသူများပြောစကားနားမထောင်ဘဲ လုပ်ချင်ရာလုပ်တတ်တဲ့ကောင်လေးကြောင့် နယ်မြေရဲစခန်းက ဌာနမှူးနဲ့လည်း ငယ်ပေါင်းကြီးဖော်လိုဖြစ်လာရတာ။

ကိုယ်တာဝန်ယူစရာမရှိပေမယ့် အဲ့ဒီကောင်လေးနဲ့ပတ်သက်ရင် မနေနိုင်မထိုင်နိုင်ဝင်ပါမိပြန်တာပဲ။ကိုယ့်ညီရဲ့သူငယ်ချင်းဆိုတာက သူ့အတွက်ညီလေးတစ်ယောက်လိုပဲမလား။လူငယ်တွေသဘာဝကိုနားလည်တဲ့ကိုယ်ကပဲ သူ့ရဲ့အုပ်ထိန်းသူတွေရှေ့ ရှေ့နေလိုက်ခဲ့ရတာလည်းအကြိမ်ကြိမ်။သိပ်လည်တဲ့ကောင်လေးက အလိုလိုက်လွန်းတဲ့သူ့ကို အကာအကွယ်တစ်ခုလိုသဘောထားပြီး အရင်ထက်ပိုဆိုးလာလိုက်တာ....တက္ကသိုလ်ဝင်ခွင့်ကိုမဖြေဘဲ အနုပညာပဲလုပ်မယ်ဆိုလို့ သူနဲ့ကတောက်ကဆဖြစ်ရသည်အထိ။

ဥာဏ်လေးကောင်းပါရက်နဲ့ အလိုလိုက်ခံရလွန်းလို့ လူဆိုးလေးလိုဖြစ်နေတဲ့ကောင်လေးရဲ့အနာဂတ်ကို မဆိုင်တဲ့သူကပဲ တွေးပူရပြန်သည်။ညီဖြစ်သူကိုမပူရဘဲ သွေးမတော်သားမစပ်တဲ့ ငဂျစ်ကောင်လေးကိုပဲ ပူနေရတာ..

Under the red sky , Over the moonlightWhere stories live. Discover now