Last 7yrs ago"ဆောင်းဟွန်းကိစ္စအပြင်လူမသိအောင်သတိထားရမယ်။တစ်ခြားလူသာသိရင် ကိုယ်တို့သားအတွက်ကောင်းမှာမဟုတ်ဘူး"
ခပ်အုပ်အုပ်ထွက်လာသော ဒယ်ဒီ့အသံနောက် မာမီလေးရဲ့အသံချိုချိုက ဒီတစ်ခါတော့ ဖျော့တော့လှသည်။
"အင်း။ကျွန်မနားလည်ပါတယ်...ဒါပေမယ့် အချိန်တန်ရင်ဒီကိစ္စကဖုံးကွယ်ဖို့လက်လာမှာ။ရှင်ဘယ်လိုစဉ်းစားထားလဲ"
အခန်းထဲမှတစ်ခဏတိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချသံတစ်ခုနဲ့ ဒယ်ဒီ့အသံကြောင့် တံခါးအပြင်ရှိအဲလ်ဒန့်မျက်ခုံးများတွန့်ချိုးသွားသည်။
သူဒီမှာမရှိတုန်း ဆောင်းဟွန်းအကြောင်းတွေကို သူအများကြီးလွှတ်သွားခဲ့တာ...ဒီကောင်လေးနဲ့အဆက်အသွယ်မလုပ်မိတာ သူ့အမှားပဲဆိုရမလား။
ဒယ်ဒီနဲ့မာမီတို့တံခါးဝ၌ အဝတ်ဆောင်အိတ်ကိုဘေးချကာ မတ်တပ်ရပ်နေသောအဲလ်ဒန်ကို ဆောင်းဟွန်းတစ်ဖက်ကမြင်တော့
"မင်းအဲ့လိုခိုးနားထောင်စရာမလိုပါဘူး"
ဆောင်းဟွန်းစကားသံကြောင့် အဲလ်ဒန်လှည့်ကြည့်လိုက်တော့ ၆နှစ်ကျော် ၇နှစ်နီးပါးမတွေ့ရသော ညီဖြစ်သူမှာ ရုတ်တရက်ကြည့်လျင် မမှတ်မိနိုင်သည်အထိပြောင်းလဲသွားချေပြီ။
အဖြူရောင်ရှပ်လက်ရှည်နဲ့အနက်ရောင်ဘောင်းဘီကိုရိုးရိုးရှင်းရှင်းသာဝတ်ထားသော်လည်း သူ့အနားကိုလျှောက်လာသောဆောင်းဟွန်းမှာ လူပျိုပေါက်အရွယ်ပင်ရောက်နေခဲ့ပြီ...အရပ်ကသူ့ထက်ခေါင်းတစ်လုံးစာနိမ့်သေးသော်လည်း ၆ပေကျော်သောသူ့အရပ်နဲ့ယှဉ်ရင်တော့ ဆောင်းဟွန်းကသေးသွားရသည်မှာမထူးဆန်း။
သူ့အခန်းဆီသွားတဲ့လမ်းတစ်လျှောက် ဘေးတိုက်မြင်နေရသောဆောင်းဟွန်းကိုကြည့်ရင်း ပြုံးလိုက်မိသည်။နောက်ဆုံးတွေ့ခဲ့ချိန်က ၁၁နှစ်သားကလေးပေမယ့် အခုတော့ ၁၈နှစ်သား လူပျိုအရွယ်ကိုရောက်နေခဲ့ပြီလေ။ ဖြူနုသောမျက်နှာက အချိန်တွေကြာတာတောင် ပိုလို့ချောမောလာသည်မှာ ဆောင်းဟွန်းရဲ့ identity အပေါ် အဲလ်ဒန်သံသယမဝင်မိယုံတမယ်....
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )