Part - 18

1.4K 140 25
                                    


ဖန်ကဲ့သို့ပြောင်လက်သောအဆောက်အဦးဆီသို့ ကျရောက်နေသောနေရောင်ကြောင့် အဆောက်အဦမှာရောင်ပြန်ဟပ်ပြီး တလက်လက်ထနေတော့သည်။ ထိုအဆောက်အဦးဝင်းထဲသို့ဝင်လာသော အနက်ရောင်ကားတစ်စီးကြောင့် ပင်မဝင်ပေါက်ရှိလူတစ်စုမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကာ ကားရပ်မည့် ဝင်ပေါက်၌ စုဝေးလျက်သား။

ကားရပ်သွားသည်နှင့် ရာထူးပိုမြင့်ပုံရသည့်လူတစ်ဦးမှာ သွက်လက်စွာကားတံခါးအားဖွင့်ပေးရင်း

"သခင်ကြီး ပြန်ရောက်ပါပြီလား"

အသက်၅၁နှစ်ဆိုသော်ငြား ရုပ်ကျသွားခြင်းမရှိ၊ဗိုက်ရွှဲရွှဲလူများကဲ့သို့မဟုတ်ဘဲ ကျစ်လစ်သောကိုယ်ခန္ဓာနှင့် ပါးရည်နားရည်တွန့်ခြင်းမရှိ၊ လူလတ်ပိုင်းတစ်ယောက်အလားထင်မှတ်ရသည့် လီဥက္ကဌကြီးမှာ ကားပေါ်မှဆင်းလာခဲ့သည်။ရှည်လျားသောခြေတံတို့မှာ လူအိုကြီးတစ်ယောက်ကဲ့သို့ နှေးနှေးကွေးကွေးမဟုတ်ဘဲ လူငယ်များထက်ပင် ပိုလျင်မြန်သောခြေလှမ်းတို့ဖြင့် အဆောက်အဦးထဲဝင်သွားရင်း စွပ်ထားသောလည်သာလက်အိတ်ကိုချွတ်ကာ ဘေးမှထပ်ကြပ်မကွာပါလာသော လူအား

"အစီရင်ခံချက်"

"ဟုတ်ကဲ့ သခင်ကြီး..."

ဘေးမှတောက်လျှောက်တင်ပြလာသော အလုပ်များအားနားထောင်ရင်း အပေါ်ထပ်ရုံးခန်းသို့တက်သည့်ဓာတ်လှေကားရှေ့စောင့်နေတုန်း မျက်လုံးထောင့်မှမြင်လိုက်ရသောအရိပ်တစ်ခုကြောင့် ဘေးသို့ဆတ်ခနဲလှည့်ကြည့်လိုက်မိသည်။ သို့သော်ငြား ဘေးလျှောက်လမ်း၌လူရိပ်လူယောင်ပင်မရှိ။

မျက်စိအမြင်မှားသည်လားမသိပေမယ့် မသင်္ကာ၍ဒေါင့်အချိုးနေရာသို့စူးစိုက်ကြည့်နေတုန်း

"သခင်ကြီး ဘာဖြစ်လို့ပါလဲ"

အတွင်းရေးမှူးမေးလာသည်ကိုခေါင်းခါပြကာ ပွင့်သွားသောဓာတ်လှေကားထဲသို့ဝင်လာလိုက်သည်။ဓာတ်လှေကားထဲရောက်တော့ သူနဲ့အတွင်းရေးမှူးသာကျန်ချိန်

"သခင်ကြီး နောက်နှစ်ပတ်လောက်ကျရင် M2 ရဲ့နှစ်လေးဆယ်ပြည့်အခမ်းအနားကျင်းပဖို့ရှိပါတယ်"

Under the red sky , Over the moonlightWhere stories live. Discover now