Part - 14

1.7K 163 49
                                    

နူးညံ့၍ ချောမွတ်သောမျက်နှာထက် မလိုက်ဖက်စွာ ကွဲအက်နေသော နှုတ်ခမ်းဘေးကဒဏ်ရာကို ခပ်ဖွဖွထိတွေ့နေသောလက်တစ်စုံ။ဘယ်သူကများ သူ့ချစ်သူရဲ့မျက်နှာကိုထိခိုက်အောင်လုပ်ခဲ့လေသလဲ။

ဒီလို ယောကျ်ားပီသပြီး Vပုံစံမျက်နှာကျတစ်ခုရယ်၊ထင်းနေတဲ့မေးရိုးတွေကို ဘေးတိုက်ကြည့်ရတာလည်း သူအနှစ်သက်ဆုံးအရာတစ်ခု။

မထူမပါးနှုတ်ခမ်းသားက စကားလုံးလှလှတွေလည်းပြောတတ်သလို အဲ့ဒီနှုတ်ခမ်းတစ်စုံနဲ့လူတွေ့နှလုံးသားကိုမွှေ့ရမ်းနိုင်စွမ်းရှိတာ။သူကလည်း ဒီလူရဲ့တီတီတာတာပြောတတ်တဲ့နှုတ်ခမ်းတွေကိုမှ တမြတ်တနိုးနမ်းရှိုက်ရတာကိုသဘောကျပြီး ချစ်တယ် ဆိုတဲ့စကားကို ဒီနှုတ်ဖျားက ပထမဆုံးကြားရချိန် အချစ်ဆိုတာ ဒါပါလားခံစားခွင့်ရခဲ့တာ။

ခင်ဗျားကပြည့်စုံလွန်းတယ်...ပြည့်စုံလွန်းတဲ့သူတွေနောက်ကပ်ပါလာတဲ့ မကောင်းတဲ့အကျင့်ကလည်း ခင်ဗျားဆီမှာရှိတယ်။ ဒါပေမယ့် အဲ့ဒီလိုလူကိုပဲ ကျွန်တော်ကနင့်နေအောင်ချစ်မိသွားတာ...ပြောင်းလဲပါ့မယ်လို့ ခင်ဗျားကတိမပေးဖူးပေမယ့် ကျွန်တော့်ကိုချစ်တယ်ဆိုတာတော့မပြောင်းလဲသွားပါနဲ့။

တစ်ချိန်ကျရင် ခင်ဗျားရဲ့လက်သန်းကြွယ်ပေါ်မှာ ကျွန်တော်နဲ့ဆင်တူ ငွေရောင်မောင်းကွင်းစွပ်ပေးပြီး လူအများရှေ့ ခင်ဗျားကကျွန်တော်တစ်ယောက်ထဲအပိုင်ပါဆိုတာ သက်သေထူချင်တယ်။အဲ့ဒီအချိန် ကျွန်တော့်ကိုမြတ်နိုးမှုတွေနဲ့ကြည့်နေမယ့် ခင်ဗျားရဲ့မျက်ဝန်းတွေကိုတွေးမိရုံနဲ့ ကြည်နူးမိတယ်...ကျွန်တော်ကလည်း ခင်ဗျားအပိုင်ဖြစ်လာပြီလေ။

အိုမီဂါတစ်ယောက်မဟုတ်တဲ့သူမလို့ ခင်ဗျားကိုတစ်ခြားအိုမီဂါတွေဆွဲဆောင်နိုင်သွားမှာ ကျွန်​တော်ကြောက်တယ် အဲလ်ဒန်။ကျွန်တော်ကကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူပေမယ့် ဒီတစ်ခုတော့ချွင်းချက်....။

အဲ့ဒါကြောင့်ပဲ ခင်ဗျားအမှတ်အသားလုပ်ချင်တဲ့ပြောတဲ့နေ့က ကျွန်တော်တစ်ချက်မတွေဝေဘဲလက်ခံခဲ့တာ...အိုမီဂါတစ်ယောက်လို ခင်ဗျားကိုစိတ်ကျေနပ်မှုမပေးနိုင်မှာ သိပ်ကြောက်လို့ပဲ။

Under the red sky , Over the moonlightWhere stories live. Discover now