Part - 33

1.3K 105 4
                                    

"ပတ်ဆောင်းဟွန်းနဲ့ ဒိတ်နေပြီဆိုလည်း နည်းနည်းပါးပါး ငါ့ကိုအသိပေးလေ။ ပြောတော့ဖြင့် ရှောင်မိန်ကငါ့ညီမလေးလိုပဲဘာညာနဲ့ အခုကျတော့ တစ်လောကလုံးသိပြီးမှ ငါ့မှာပြူးတူးပြဲတဲနဲ့ လိုက်မေးရတဲ့ဘဝ"

"ဆောင်းဟွန်းကိုဖွင့်ပြောဖို့တောင်ဘယ်လောက်ခက်လည်းသိလို့လား။တွဲနေပြီဆိုတာနဲ့ နင့်ကိုပြောရအောင် ငါတို့ကအားနေတာမဟုတ်ဘူး"

"ကော... နင်မအားရလောက်အောင်အထိ ကလေးကိုနေ့နေ့ညညအနိုင်ကျင့်နေတာတော့မဟုတ်ဘူးမလား"

လီမိန့်စကားကြောင့် အီသန်မှာသောက်လက်စလက်ဖက်ရည်ပင်လည်ပင်း၌ဆို့နစ်သွားသည့်အလား လည်ဇလုတ်မှာအထက်အောက်ခပ်မြန်မြန်လှုပ်ခတ်သွား၏။

"နင်ငါ့ကိုတွေ့ဖို့ခေါ်တာ ပေါက်ကရပြောဖို့လား"

"အစကတည်းက ကောကိုတွေ့ချင်တာမှမဟုတ်တာ။ ဆောင်းဟွန်းနဲ့တွေ့ချင်လို့ ကောကိုတမင်လိမ်ခေါ်တာလေ"

လီမိန်မှာ မျက်ခုံးပင့်ပြရင်း ပန်းခြံထဲသို့အကြည့်ရောက်သွားခဲ့သည်။ လီမိန့်နည်းတူ အီသန်သည်လည်း အနီရောင်ပန်းပွင့်များကြားရှိ ဖြူလွှလွှပုံရိပ်လေးအားလှမ်းကြည့်မိလိုက်သည်။

ဆောင်းဟွန်းနှင့်အတူ မိန်းကလေးတစ်ယောက်လည်းရှိနေသော်ငြား သူ့မြင်ကွင်းထဲ ဆောင်းဟွန်း၏ပုံရိပ်သာလွှမ်းမိုးနေခဲ့သည်။ နွေဦးမွန်မို့ အကြင်သူသည် မထူမပါး အဖြူရောင်စွယ်တာအား နို့နှစ်ရောင်ဘောင်းဘီဖြင့်တွဲဝတ်ထားရာ စိမ်းစိုသည့်ဥယျာဉ်နှင့် အနီရောင်ခြယ်သော ပန်းပွင့်တို့ကြား ရှုမဝနိုင်စရာ...

နှင်းဆီနီတွေကြားက လိပ်ပြာလေးလိုပဲ။ ပန်းတွေလှတယ်ဆိုတာ လိပ်ပြာလေးအလှကိုတောင်မမှီသလိုလေ။

အချိန်ကြာကြာကြည့်နေမိရာမှ တစ်စတစ်စအခုန်မြန်လာသောရင်ဘတ်ကြောင့် အကြင်သူထံမှအကြည့်လွှာကာ

"ဒါနဲ့ နင်ကရော ဘယ်တော့မှအဲ့ဒီမိန်းကလေးကို လူသိရှင်ကြားထုတ်ပြမှာလဲ"

သူ့ဖက်ကဆောင်းဟွန်းနဲ့ဆက်ဆံရေးကိုထုတ်ပြပြီးကတည်းက အရင့်အရင်ကလီမိန်နဲ့စေ့စပ်မည့်သတင်းများသည်ရှင်းလင်းသွားခဲ့ပြီပင်။ အစကတည်းက မောင်နှမသံယောဇဉ်သာရှိသည့်အပြင် ထပ်လောင်းပြောပါက သူရောကိုယ်ပါ ပါတနာကိုယ်စီရှိနေပြီးသည့်နောက် နှစ်ဦးနှစ်ဖက်ကြား မျက်နှာပျက်စရာ၊စိတ်ကွက်စရာမရှိခဲ့။

Under the red sky , Over the moonlightWhere stories live. Discover now