Part - 22

1.3K 137 33
                                    


"ဒယ်ဒီ အဲ့ဒါဘာအဓိပ္ပာယ်လဲ!"

"မင်းလုပ်ထားတဲ့ကိစ္စကိုမင်းအသိဆုံးပဲမလား။နောက်တစ်ပတ် ဒုသမ္မတကြီးနဲ့တွေ့ဖို့မင်းလိုက်ခဲ့ရမယ်။ဘယ်မှရှောင်ပြေးဖို့မကြံနဲ့ အဲလ်ဒန်။ထပ်ပြီးပြဿနာကို မီးခွက်ထွန်းမရှာနဲ့တော့"

"ကျွန်တော့်ကိုလက်ထပ်ခိုင်းဖို့အတွက်ဆိုရင် ခိုင်းတဲ့သူကသမ္မတမကလို့ဘာဖြစ်ဖြစ်ကျွန်တော်လက်မခံနိုင်သေးဘူး ဒယ်ဒီ! ဇိန်းကိုကျွန်တော်မထားခဲ့နိုင်သေးဘူး"

"အဲ့လိုဆိုရင် မင်းကရောသူ့အပေါ်ကောင်းခဲ့လို့လား။မထားခဲ့နိုင်သေးဘူးဆိုတာက တစ်နေ့နေ့တော့မင်းသူ့ကိုထားခဲ့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲမလား"

ဖခင်ဖြစ်သူစကားတစ်ခွန်းကြောင့် သူမတ်တပ်ရပ်နေရာမှ ခြေတစ်လှမ်းနောက်ဆုတ်မိသွားသည်။တကယ်ပဲအထိနာဆုံးစကားနဲ့သူ့ကိုထိုးနှက်လိုက်တာပဲ။

"ဘာပဲပြောပြော လက်ထပ်ခိုင်းမယ့်အဆင့်ထိတော့မရောက်လောက်သေးဘူး။အခုမင်းကိုလိုက်ခိုင်းတယ်ဆိုတာက တစ်ဖက်ကလည်း မင်းရဲ့ဆုံးဖြတ်ချက်ကိုကြားချင်လို့ပဲ။ငါမင်းကိုယုံကြည်ခဲ့တယ် အဲလ်ဒန်။ငါ့ယုံကြည်မှုကိုမြောင်းထဲမဝဲပစ်နဲ့။မင်းဘယ်သူနဲ့ပတ်သက်နေပါစေ မင်းကိုမင်းထိန်းနိုင်တဲ့လူဆိုတာယုံလို့ ငါမင်းကိစ္စမှန်သမျှဘာမှဝင်မပါခဲ့တာ။ အခုကိစ္စမှာလည်း ငါဝင်မပါမှာမလို့ မင်းအပေါ်ပဲမူတည်တယ်"

"ကျွန်တော်သူနဲ့လက်မထပ်နိုင်ဘူးပြောရင်တောင်မှ ဒယ်ဒီတကယ်ပဲဘာမှဝင်မပြောဘဲနေမှာလား။ကျွန်တော်က ဇိန်းကိုပဲချစ်တာပါထုတ်ပြောရင်ရော ဒယ်ဒီကအသာတကြည်လက်ခံပေးမှာလား"

အဲလ်ဒန်၏တိုးဖွသောစကားသံကား မောပန်းနေဟန်။ မင်ဥက္ကဌကြီးမှာ သားဖြစ်သူအားကြည့်၍

"မင်းကကိစ္စအဝဝကိုင်တွယ်ဖူးခဲ့တဲ့ လူကြီးတစ်ယောက်ပဲလေ။သိပ်မကြာခင်ဘဲ ငါ့နေရာကိုဆက်ခံရတော့မှာပေမယ့် အခုနေလည်းငါ့လုပ်ပိုင်ခွင့်အများစုကိုမင်းရထားပြီးသားပဲ"

အဲလ်ဒန်မှာ ဖခင်ဖြစ်သူစကားကြောင့် အံကိုတင်းတင်းကြိတ်ထားမိသည်။ဒယ်ဒီကသူတို့ညီအစ်ကိုနှစ်ယောက်လုံးကိုအမိန့်ပေးတာမျိုး၊ချုပ်ခြယ်တာမျိုးမလုပ်တတ်။အဲ့ဒီအစား လမ်းမှားနေရင်လမ်းမှန်ရောက်အောင်ထိန်းကြောင်းပေးတာမျိုးပဲရှိခဲ့သလို အခုလည်းသူ့ကိုအမိန့်မပေးဘဲ ပညာသားပါပါပြောနေခဲ့တာ။

Under the red sky , Over the moonlightWhere stories live. Discover now