1

19.4K 571 22
                                    


" အားးး နေကြာတွေကွ ၊ ငါ့ရဲ့နေကြာတွေ အီးဟီး "

" လွန်းဟေမာန်ငယ် ရူးနေလား ၊ ဘာလို့ အသံပြဲနဲ့ အော်နေတာလဲ "

နေကြာခင်းကို တွေ့လို့ စိတ်မထိန်းနိုင်ပဲ ‌အော်မိတော့ နှိုင်းမခက လွန်းကို ကြည့်ပြီး ခေါင်းတခါခါ ။ မခံစားတတ်တဲ့ လူ ၊ နှလုံးသားမရှိတဲ့လူ ။ နှလုံးသား ရှိလား မရှိလားတော့ မသိ ၊ မရှိဖို့ကတော့ များပါတယ်လေ ။

" အစ်မကလည်း .... အစ်မသာ ညီမနေရာ ဝင်ကြည့်ပါလား ။ ရူးတောင်သွားမယ် ။ "

" အခုလည်း လွန်းက ရူးနေတာပဲကို "

" ဘာပြောတယ် ! "

နှိုင်းမခရဲ့ လေသံလောက်ကိုလည်း လွန်းက ကြားရတယ်ဆိုတာကို မေ့လျော့နေလေသလား ။ လွန်းရဲ့ အော်သံကို ကြားမှ ပြီတီတီမျက်နှာပေးဖြင့် ပြန်ကြည့်လာသည် ။

" အဟမ်း ဘာမှ မဟုတ်ဘူး ။ အအေးသွားယူဦးမယ်  "

" လိမ္မော် "

သေချာပေါက် လွန်းကို မျက်စောင်းထိုးသွားမှာ ။ နှိုင်းမခက သူ့ကို ဆရာလုပ်ရင်မကြိုက် ၊ နှိုင်းမခကို ဆရာလုပ်လို့ရတာကလည်း လွန်းပဲ ရှိသည် ။

" အစ်မရာ ကြာလိုက်တာ ၊ အအေးဗူးသွားယူတာ အအေးဗူးများဖြစ်နေပြီလားလို့ ။ "

အေးစိမ့်စိမ့်အအေးဗူးက လက်ထဲ မရောက်ဘဲ ပါးပြင်ပေါ်ရောက်လာတယ် ။ လွန်းရဲ့ ပါးက သူ့ဆော့စရာ ကျနေပါရော ၊ ဆွဲဆိတ်လိုက် လာညှစ်လိုက်နဲ့ ။ ပန်းခင်းထဲမှ ခိုးချိုးထားသော အနေတော်အရွယ် နေကြာတစ်ပွင့်ကို နှိုင်းမခထံသို့ ကမ်းပေးလိုက်သည် ။

" ဓာတ်ပုံရိုက်ပြီးရင် ပြန်မယ် ၊ လူကြီးတွေက ရွှေဘတောင် သွားမယ်တဲ့ "

" ရိုက်ပေး "

" အိုခေ ညီမလေး ဘယ်နားလေးကို ရိုက်ပေးရမလဲ "

ဝတ်ထားတဲ့ လက်ရှည်ကို ခေါက်တင်ပြီး လွန်းကို ထပ်စတော့ ဒေါသဒီဂရီက အတိုင်းအတာတစ်ခုကို ရောက်သွားတော့သည် ။

" အစ်မ ! "

" ပေး ကင်မရာ "

တကယ်တော့ နှိုင်းမခက လွန်းကို အနိုင်ယူခြင်း မရှိခဲ့ ။ သူမနိုင်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်သည် ။ စကားလုံးနဲ့ စနောက်တာကတော့ လွန်းရဲ့ ဒေါသကို အဆွနိုင်ဆုံး လုပ်ရပ်ပင် ။

Once Upon On UsWhere stories live. Discover now