28

7.1K 428 11
                                    

*Ringing Ringing*

" လွန်းရေ ဖုန်းလာနေတယ်လေ "

" အာ ငါ့ဖုန်းမှန်း မသိလိုက်ဘူး "

လူနာမှတ်တမ်းကို ဖတ်နေရင်းဖြင့် ဖုန်းအားသွင်းထားသော နေရာသို့ သွားကာ ဖုန်းကို ကောက်ကိုင်လိုက်သည် ။ contact တွင် ပေါ်နေသော နာမည်ကြောင့် မျက်ခုံးပင့်မိလျက်သား ။ ဖုန်းသံကြားကတည်းက လွန်းကို မမှိတ်မသုန်ကြည့်နေသော နှိုင်းမခကို မသိမသာ စောင်းငဲ့ကြည့်မိသည် ။

" ဟယ်လို "
" အာ ဒီညနေက ကျွန်မ အချိန်ဇယား ပြန်မတိုက်ရသေးလို့ ဧကရီ "
" ဟုတ်ကဲ့ ပြန်ကြည့်ပြီးရင် ကျွန်မ လှမ်းပြောမယ်နော် "

လွန်းတွင် ညနေအချိန်ဇယားရှိမနေပါ ။ သို့သော် အမြဲတမ်းလက်ခံခဲ့ပြီးမှ ယခုတစ်ခေါက် တွေ့ဖို့ကို ချက်ချင်း မငြင်းလိုက်ချင် ။ နှိုင်းမခက ဝုန်းခနဲ ထကာဖြင့် အပြင်ထွက်သွားသည် ။

" ဟဲ့ နင် ဘာလုပ်နေတာလဲ ၊ လိုက်သွားလေ "

" ငါလိုက်သွားရင် ပိုဆိုးသွားမယ်ထင်တယ် "

ရဲရင့်မင်းက လွန်းကို ကြည့်ကာ ခေါင်းတခါခါ ။

" မလိုက်သွားမှ ပိုဆိုးမှာ အရူးမရဲ့ "

ပိုးဖြူ၏ စကားအဆုံးတွင်မူ စိတ်ဆုံးဖြတ်ကာဖြင့် နှိုင်းမခနောက်သို့ လိုက်သွားရတော့သည် ။ ဆေးရုံခေါင်မိုးထပ်ကို သွားမယ်လို့ ထင်ထားခဲ့ပေမယ့် ward တစ်ခုထဲသို့ ဝင်သွားတာကို တွေ့လိုက်သည် ။ လူနာတွေရှေ့ အသည်းအသန် လိုက်ချော့လို့လည်း မဖြစ်ချေ ။ အခန့်မသင့်ပါက အဟောက်ခံရမည့် အခြေအနေ ။ ခက်ချေပြီ ။

" ဒေါက်တာ "

" ဒီလူနာက အစာစားပြီး နှစ်နာရီ ကြာနေပြီကို ဘာလို့ သွေးမဖောက်ထားတာလဲ "

Ward ထဲ ရုတ်တရပ်ဝင်လာကာ လူနာများကို ကြည့်ရှုနေသော နှိုင်းမခကြောင့် အလုပ်သင်ဆရာဝန်ကလေးများ ယောက်ယက်ခက်သွားရသည် ။

" ဒေါက်တာ "

" ဘာလဲ ! "

" စိတ်လျှော့ပါ "

" အလုပ်မလုပ်ရင် ပြန် "

အေးတိအေးစက်စကားသံနောက်တွင် ခပ်ဆူဆူ နှုတ်ခမ်းတစ်စုံက တည်ရှိနေသည် ။

Once Upon On UsWhere stories live. Discover now