32

6.9K 416 13
                                    

အာခေါင်များ ခြောက်ကပ်ကာ အလွန်အမင်းရေဆာလာသောကြောင့် လန့်နိုးလာခြင်းပေလား ။ အိပ်မက်ကြောင့် လန့်နိုးလာခြင်းပေလား ။ မည်သည့်တစ်ခုကြောင့်မှန်း မသိပေမယ့် မောဟိုက်နေသည်ကိုတော့ ခံစားမိသည် ။

ဆေးသွင်းထားရသောလက်ကလည်း နာကျင်စပြုလာပြီ ။ အပ်ရာများ၏ ဒဏ်ကို မခံနိုင်တော့ ။ တစ်ဖက်လက်ကလည်း လှုပ်မရ ။ အကြောင်းကား နှိုင်းမခကြောင့်ပင် ။ ရက်ရက်စက်စက်ကို ကန္တာ့လက်အား ခေါင်းအုံးကာ အိပ်ပျော်နေသည် ။ လူနာဖြစ်နေသည်ကိုတောင် သိသေးရဲ့လား ။ မီးပိတ်ထားပေမယ့် မှန်ပြတင်းမှ ဝင်လာသော အလင်းသဲ့သဲ့ကြောင့် နှိုင်းမခ၏ မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းကို မြင်နေရသည် ။ ယခုထက်ပို၍ တွယ်ငြိမိသွားလျှင် မလွယ်မှန်း သိနေတာတောင် တွယ်ငြိဖို့ လမ်းအပြင် အခြားမရှိ ။ ထို့ကြောင့် ကန္တာ ထွက်ပြေးရတော့မည်။

နှိုင်းမခက သူမရဲ့ ဖြစ်တည်မှုတစ်ခုတည်းနဲ့ပင် ကန္တာ့ရဲ့ ကမ္ဘာကို ပန်းတွေ ပွင့်စေခဲ့သူ မဟုတ်ပါလား ။

အအိပ်ဆက်လွန်းသော နှိုင်းမခကြောင့် သူမ၏ မျက်နှာ အစိတ်အပိုင်းများကို ထိတွေ့ရန် မလွယ်ကူလှ ။ တစ်နေကုန်လည်း ပင်ပန်းထားမည်မှာ အမှန် ။ ထို့ကြောင့် နိုးသွားရမည်ကို စိုးသည် ။

ခြောက်ကပ်နေသော ခံတွင်းကို လျစ်လျူရှုကာဖြင့် ပြန်လည်အိပ်စက်လိုက်သည် ။ ကန္တာ ဒုတိယအကြိမ် ပြန်လည်နိုးလာချိန်တွင် နှိုင်းမခကို မတွေ့ရ ။

" James "

" မာမီ "

" နေသာရဲ့လား ကလေး "

" ‌မိုးနည်းနည်းအုံ့နေတယ် မာမီ "

အပြင်ဘက်ကို လှမ်းကြည့်ကာ အဖြေပေးလိုက်တော့ မိခင်ဖြစ်သူက ပြုံးသည် ။

" မာမီ့ကလေးလေးက စိတ်ဓာတ်တော့ မကျဘူးပဲ "

" နွေကန္တာဦးပါ မာမီရဲ့ ၊ လမ်းမလျှောက်နိုင်တာလောက်နဲ့ စိတ်ဓာတ်ကျသွားစရာ အကြောင်းမရှိဘူး ။ "

နှိုင်းမခကြောင့် ကျနေသော စိတ်ဓာတ်သည်ပင် ပြန်ဆွဲတင်လို့မရတာ ၊ ဤ အချင်းအရာကြောင့်နဲ့ ထပ်ကျစရာ စိတ်ဓာတ်လည်း မရှိတော့ ။

Once Upon On UsWhere stories live. Discover now