" ဘယ်ကို သွားချင်လဲ လွန်းငယ် "
" ကမ္ဘာအဆုံးပဲ "
လွန်း၏ စကားကြောင့် နှိုင်းမခက ဟက်ခနဲရယ်ချသည် ။ ထို့နောက် လွန်းကို ပြုံးလျက် ကြည့်လာသည် ။
" အတည်မေးနေတာကို "
" မသိဘူး ၊ အစ်မရှိတဲ့ ဘယ်နေရာမဆို အဆင်ပြေတယ် "
" ကဲ "
" အစ်မကို ဘယ်လို ပြောပြရမလဲ မသိဘူးကွာ ၊ ညီမက ဘယ်လိုနေရာမျိုးဆိုတာထက်လေ vibe မိတဲ့ နေရာမျိုးကို သွားချင်တာ "
" ဘယ်လို vibe လဲ "
" မပြောပြတတ်ပါဘူးဆို "
နှိုင်းမှာ ခေါင်းကုတ်ရလေပြီ ။ သူမပင် မပြောပြတတ်သော နေရာကို နှိုင်းက မည်သို့ ခေါ်ဆောင်သွားရပါမည်နည်း ။
" Paris ဆိုရင်ရော "
" ပိုက်ဆံကုန်မယ့် နေရာကလွဲရင် မပြောတတ်တော့ဘူးလား "
နှိုင်းမှာ မရှိမယ့်ရှိမယ့် အကြံဉာဏ်လေးကို တင်ပြသော်လည်း အထက်ပုဂ္ဂိုလ်က ပယ်ချ၏ ။
" ရှုပ်တယ် ၊ အိမ်ပဲ လိုက်ခဲ့တော့ "
ဤသို့ဖြင့် ဆယ်နာရီခွဲကျော်သွားရမည့် ခရီးကိုသာ ရွေးချယ်ပြီး ဝါရှင်တန်မြို့ရှိ နှိုင်း၏ နေအိမ်သို့ ရောက်လာကြသည် ။ အိမ်ထဲ မဝင်ခင် ရှုပ်ပွနေတာ ရှိမရှိ အရင်စဉ်းစားရသည် ။ မဟုတ်လျှင် ပြောလို့ပြီးတော့မည် မဟုတ် ။
" ဒီအိမ်က ဝယ်ထားတာလား "
" အင်း သိပ်မကြာသေးဘူး "
" တစ်ယောက်တည်း နေတာလား "
" အခုတော့ နှစ်ယောက်ပေါ့ "
ငေးမောနေသော လွန်း၏ ခါးကို ဖက်ကာဖြင့် ဆိုဖာပေါ် ဆွဲချလိုက်သည် ။
" ကိုကြီးသူရာက ဘယ်မှာ နေတာလဲ "
" သူက သူ့ဦးလေးအိမ်မှာလေ ၊ အခုတော့ အိမ်ဝယ်ထားတယ် ။ ပြင်ဆင်ပြီးရင်တော့ အဲ့ကို ပြောင်းမှာပေါ့ "
" အစ်မကို ကိုကြီးသူရာနဲ့ တူတူနေတယ် ထင်တာ "
" ကျောင်းစတက်တုန်းက အဆောင်မှာ နေကြတာလေ ၊ ဒီနိုင်ငံမှာက ယောင်္ကျားလေး၊ မိန်းကလေး အဆောင်ခွဲထားတာမျိုးမရှိဘူး ၊ အခန်းပဲ ခွဲထားတာ ။ အစ်မက နွေနဲ့ အတူနေတာ "
YOU ARE READING
Once Upon On Us