25

8.7K 473 30
                                    

နှိုင်း အလုပ်ကို ရောက်လာတော့ နှိုင်းရဲ့ အလုပ်စားပွဲပေါ်မှာ ချောကလက်တောင့်တွေနှင့် ပြည့်နေတာကို တွေ့လိုက်ရသည် ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဖြစ်မှန်းကိုလည်း သတိပြုမိသွားသည် ။

" ငါတို့ရောက်ကတည်းက နင့်စားပွဲက အဲ့လိုဖြစ်နေတာ "

သူရာက ရှင်းပြပြီးနောက် စားပွဲပေါ်ရှိ ချောကလက်တစ်တောင့်ကို ယူကာ ဖောက်စားသည် ။

" ကလေးတွေကို ဝေပေးလိုက်ဦး ၊ ငါ့ကို ဆေးရုံအုပ်ခေါ်ထားလို့ "

ဆေးရုံအုပ်ရုံးခန်းဆီသို့ လာသည့် လမ်းတစ်ယောက်တွင်လည်း အလုပ်သင်ဆရာဝန်ငယ်လေးများက နှိုင်းကို ချောကလက်ဘူးများလာပေးသည် ။ အနောက်တိုင်းယဥ်ကျေးမှုတွင် မိန်းကလေးဘက်ကသာ ပေးလေ့ရှိသော်လည်း နှိုင်း၏ မွေးရပ်မြေကား ထူးခြားဆန်းကျယ်လှ၏ ။

ဆေးရုံအုပ်၏ အမှာစကားများကို အတန်ကြာနားထောင်ပြီးနောက် ပြန်လာခွင့်ရခဲ့သည် ။ ဂျူတီအချိန်မကျသေး၍ အခန်းထဲတွင် ထိုင်နေကြတုန်းဖြစ်သည် ။

" ဒီနေ့ ခွဲစိတ်ဖို့ မရှိဘူး ခ ၊ နင့်လူနာက မနေ့ညက ဆီးချိုတွေ အရမ်းတတ်လာလို့ ခွဲစိတ်ဖို့ကို နောက်ရွေ့လိုက်ရတယ် "

ခွဲစိတ်ရန်အလုပ်ကို ကြောက်ကြသည်မှာ အဆန်းမဟုတ်လှပါ ။ မိမိကိုယ်တွင်းရှိ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ကိုင်တွယ်နေခြင်းကို မည်သူကမျှ နှစ်ခြိုက်မည် မဟုတ် ။

" Andy ငါ နင့် ချောကလက်တွေအကုန် စားပစ်လိုက်ရင် ဘာဖြစ်မယ်ထင်လဲ "

" ချောင်းဆိုးမှာပေါ့ "

" မှားတယ် ၊ နင့်ကို ချောကလက်ပေးတဲ့လူတွေ တစ်ယောက်မှ နင့်ကို မရတော့ဘူး "

နွေကန္တာဦး၏ အတည်ပေါက်ဟာသများကလည်း တစ်နေ့တာအတွက် မပါမဖြစ်ပင် ။

" လွန်း ဘာဖြစ်တာလဲ .. လွန်း "

" လွန်း "

စိမ်းလဲ့နှင့် ပိုးဖြူ၏ အလန့်တကြား အော်သံကို ကြားပြီးနောက် ခြေလှမ်းများက အလိုအလျောက် သူတို့နားဆီသို့ရောက်သွားသည် ။

Once Upon On UsWhere stories live. Discover now