39

5.8K 363 15
                                    

လူနာမှတ်တမ်းများကို ဖတ်ရှူနေစဉ်မှာပဲ နှိုင်း၏ ဖုန်းသို့ ခေါ်ဆိုမှုတစ်ခု ဝင်ရောက်လာသည်။

" အေး ဝတီ ပြော "

" နင် ဘယ်မှာလဲ ၊ ဆေးရုံမှာလား "

" မဟုတ်ပါဘူး ၊ ငါအိမ်မှာ "

" လွန်း နင့်အိမ်မှာလား နှိုင်း "

" ဟင် သူဆေးရုံကနေ အစောကြီးပြန်သွားတာလေ ၊ အိမ်မရောက်သေးဘူးလား "

" အေး ဖုန်းခေါ်တာလည်း မကိုင်ဘူး၊ စိမ်းလဲ့တို့ကို ဆက်တော့လည်း မသိဘူးပြောတယ် "

ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပူထူသွားရပြန်သည် ။ ဤရက်ပိုင်းမှ ထိုကလေးမ နှိုင်းကို အတော်အတန် အပူပေးနေသည် မဟုတ်ပါလား ။

" ငါ ခေါ်ကြည့်ဦးမယ် "

ဝတီ့ကို စကားဖြတ်ကာဖြင့် လွန်းကို ခေါ်ဆိုလိုက်သည် ။ သို့သော် ဖုန်းက မကိုင် ၊ GPS ကို ဖွင့်လိုက်သော်လည်း လွန်း၏ GPS system က ပိတ်ထားကြောင်း ဖော်ပြနေသည် ။

" ဟယ်လို လွန်းငယ် "

ရှားရှားပါးပါး ကိုင်လိုက်သော‌ ဖုန်းကောကို လက်လွှတ်မခံ ။

" ဘယ်လိုဖြစ်လို့ ဖုန်းတွေ ခဏခဏခေါ်နေတာလဲ ၊ မအားဘူးလို့ "

" ဘာလုပ်နေလို့ မအားရတာလဲ "

" သူငယ်ချင်းတွေနဲ့ တွေ့နေတာ "

" ဘယ်မှာလဲ အခု "

လွန်းဘက်မှ အသံများက လုံးထွေးကာ ဆူညံလို့နေသည် ။ နှိုင်းလည်း ထိုမျှ တုံးအသူမဟုတ်သောကြောင့် လွန်း club ကို ရောက်နေမှန်း သိလိုက်သည် ။

" ခဏလေး "
" ငါလာခဲ့မယ် ခဏစောင့် "
" ဖုန်းချလိုက်တော့မယ် ၊ ထပ်မခေါ်နဲ့ "

တစ်ဖက်မှ လာခေါ်သွားဟန်တူသည် ။ နှိုင်း၏ ဖုန်းကို တီခနဲချပစ်သွားသည် ။ နှိုင်းမှာတော့ စိတ်မော လူမောဖြင့်သာ ကျန်ခဲ့ရသည် ။ နှိုင်း၏ ဘဝက  မည်မျှဆိုးရွားနေရခြင်းပါလဲ ။

ဖုန်းကို လက်ထဲမှ မချနိုင်ဘဲ ထိုင်မရထမရဖြစ်နေသော နှိုင်း၏ အဖြစ်မှာ ရယ်ချင်စရာ ကောင်းလှသည် ။ အဝင်သာပြပြီး လက်ခံမည့်သူမရှိသော ခေါ်ဆိုမှုများကြား အရူးတစ်ယောက်လို ဖြစ်နေရသည် ။ နံရံကပ်နာရီဆီမှ နာရီသံတစ်ချက်ချက်ကို ကြားနေရသည် ။ မီးလင်းလာသည့် ဖုန်း screen ကြောင့် အလျင်အမြန် ထကြည့်မိပေမယ့် operators များမှ messages များကိုသာ မြင်လိုက်ရသည် ။

Once Upon On UsWhere stories live. Discover now