29

6.9K 436 14
                                    

ည ဆယ့်တစ်နာရီကို ကျော်လွန်နေသော်လည်း လွန်း၏ အိမ်သူသက်ထားမှာ ပြန်မလာသေး ။ ဖုန်းကို လက်မှ ကိုင်ကာဖြင့် ခေါ်ရနိုး မခေါ်ရနိုး တွေဝေနေမိသည် ။ ဖုန်းခေါ်လိုက်လို့ အနှောင့်အယှက် ဖြစ်သွားမှာကို မလိုလားပါ ။ အရာရာလိုက်ချုပ်ခြယ်နေသော ချစ်သူတော့ မဖြစ်ချင် ။

တံခါးဆီမှ အသံကို ကြားသည်နှင့် ဝမ်းသာအားရပြေးသွားမိသည် ။

" အေ့ ... ငါမမူးသေးဘူးလေ ၊ ဘာလို့ အတင်း အေ့ ဆွဲနေကြတာလဲ ။ ငါ လမ်းလျောက်နိုင်တယ်လို့ "

လမ်းလျောက်နိုင်ကြောင်း တတွင်တွင်ပြောနေပေမယ့် နေသူရာနှင့် နှိုင်းမခ၏ လက်မောင်းကြား အနိုင်နိုင်ရပ်နေရသူမှာ သူမ၏ တစ်ဦးတည်းသော အစ်မဖြစ်သူ ဝတီဟေမာန်ပင် ။

" လွန်း သူ့ကို အခန်းထဲ ထည့်ရအောင် "

" သူ့ကို အိမ်ပြန်မပို့ဘူးလား "

" နင် ငါ့ကို နှင်ထုတ် အေ့ နှင်ထုတ်‌နေတာလား ဟမ် ! ငါ့ကျေးဇူးနဲ့လည်း နှိုင်းမခ အိမ်ပေါ်ရောက်နေသေးတယ် ၊ လူမိုက်လား ဟမ်! ချမလား "

" ဝတီဟေမာန်ရယ် နင့်ပါးစပ်ကလေးကို ခဏပဲ ပိတ်စမ်းပါဟာ ၊ ပတ်ဝန်းကျင်ကို အားနာဦး "

နေသူရာနှင့် နှိုင်းမခ၏ ကျေးဇူးကြောင့် ဝတီဟေမာန်မှာ အိပ်ရာပေါ်သို့ မငြင်မသာကျသွားသည် ။ ခေါင်းအုံးပေါ်ရောက်သည်နှင့် အိပ်ပျော်သွားသည်မှာ အမူးသမားဟု နှစ်ခါ တွေးစရာမလို ။

" ကဲ ဒါဆို ငါပြန်တော့မယ် "

" မဟုတ်တာ ၊ နင်လည်း သောက်ထားတာပဲဟာကို ။ ဟိုဘက်အခန်းမှာ သွားအိပ်လိုက် "

" အာ မမူးပါဘူး ၊ ငါ သိပ်မသောက်လာပါဘူး "

" ကဲပါ ကိုကြီးသူရာရယ် ၊ ဟိုဘက်အခန်းက ရှင်းပြီးသားပါ ။သွားအိပ်လိုက် ။ လမ်းမှာ စစ်ဆေးရေးနဲ့ တိုးမှ ဟုတ်ပေ့ ဖြစ်နေဦးမယ် "

နေသူရာမှာ နှိုင်းမခနှင့် လွန်း၏ တွန်းပို့မှုကြောင့် အခန်းထဲ ရောက်သွားလေပြီ ။

" လွန်းငယ်က ဝတီနဲ့ အိပ်လိုက်နော် "

" အစ်မက ဘယ်မှာ သွားအိပ်မှာလဲ "

Once Upon On UsWhere stories live. Discover now