ရည်းစားကို အိမ်ပေါ်ခေါ်တင်ကာမှ မိန်းမရသလို မဖြစ်ဘဲ အမေတစ်ယောက် မွေးစားလိုက်ရသလို ဖြစ်သွားသော လူတစ်ယောက်အကြောင်း စူးစမ်းလိုပါသလား ။ ဒါဆိုရင်တော့ သေချာပေါက်ကို နှိုင်းမခဖြစ်နေကြောင်း ရိပ်မိသွားကြမှာပါ ။
" ရေခဲသေတ္တာထဲမှာ ဘာလို့ အသင့်စားခေါက်ဆွဲဘူးတွေ အပြင်မရှိရတာလဲ ။ အစ်မ တစ်နေ့တစ်နေ့ ဒါတွေပဲ စားနေတာတော့မဟုတ်ဘူးလား ။ ကိုယ့်ကိုယ်ကိုယ် ဆရာဝန်ဆိုတာ သတိထားဦးလေ ၊ ရောဂါတွေ ရကုန်တော့မှာပဲ "
" ကော်ဖီဗူးတွေ ဝယ်မသောက်ရဘူးလို့ ဟိုးအရင်ကတည်းက ပြောထားတယ်လေ ၊ ဒီမှာကြည့်ဦး ဗူးခွံတွေချည်းပဲ ။ အလုပ်လုပ်နိုင်ရင် ပြီးရောဆိုပြီး ကဖိန်းတွေချည်း လှိမ့်သောက်နေသလား မသိပါဘူးကွာ ။ အစ်မနဲ့တော့ ဒုက္ခပဲ "
" ဒါ အရင်တစ်ပတ်ကတည်းက မား ထည့်ပေးလိုက်တဲ့ ကြက်သားကြော်မလား ။ ဘာလို့ အခုထိ မကုန်သေးတာလဲ ။ ထမင်းရော စားရဲ့လား ဒီရက်ပိုင်း "
ဝတီဟေမာန်ရေ ၊ နင့်ညီမကို မန္တလေးကိုသာ ခေါ်သွားပါတော့ ဟူ၍ ပြောချင်ပေမယ့် မပြောဖြစ်ပါ ။ ပို့မှ မပို့ချင်ဘဲ ။ ဆိုဖာပေါ် ကြုံ့ကြုံ့လေး ထိုင်ရင်းသာ လွန်း၏ စကားများကို ပြန်လည်း မပြောရဲဘဲ နားထောင်နေရသူမှာ တစ်မိုးအောက်တစ်ယောက် နှိုင်းမခပင် ။
" လွန်းငယ် "
" ဘာတုန်း ! "
ရှင်းပြမယ့် စကားများမှာ လေထဲ ကြက်ပျောက်ငှက်ပျောက်ပင် ။ လွန်းက ခါးထောက်ကာဖြင့် နှိုင်းကို ကြည့်လာသည် ။
" ကဲ နာမည် ခေါ်ပြီးရင် ပြောမှပေါ့ ဒေါက်တာ နှိုင်းမခရဲ့ ၊ မောတယ် တကယ် "
လွန်းက နှိုင်း၏ ဘေးသို့ ဝင်ထိုင်ကာ စားပွဲပေါ်မှ ရေခွက်ကို ကောက်ယူ၍ မော့သောက်သည် ။ ရေသောက်တာလေးကအစ ချစ်ဖွယ်အလွန်ကောင်းနေသော နှိုင်း၏ မိန်းကလေးပင် ။ စိတ်မထိန်းနိုင်စွာပင် ခါးမှ ဆွေ့ခနဲ ကောက်ပွေ့ကာ ပေါင်ပေါ်တင်လိုက်တော့ ရေခွက်မှ ရေတစ်ချို့က ကြမ်းပြင်သို့ ဖိတ်စင်ကျသွားသည် ။ ရေမသီး၍သာ တော်သေးတော့သည် ။ နောက်ဆို မဆင်မခြင်မလုပ်မိရန် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည် ။
YOU ARE READING
Once Upon On Us