" အစ်မ ဖုန်းခဏလောက်ပေးပါလား "
" အခန်းထဲမှာ ထင်တယ် "
လွန်းကိုတော့ လှည့်မကြည့်လာဘဲ မေးခွန်းကိုသာ ဖြေသည် ။ အခန်းထဲက သူမရဲ့ ဖုန်းကို ယူကာ အိမ်ရှေ့ခန်းသို့ ပြန်ထွက်လာခဲ့သည် ။
" ဟယ် lock တောင် မခတ်ထားဘူး "
နှိုင်းမခကတော့ ဘာမှ ပြန်မပြောဘဲ ဆေးစာအုပ် အထူကြီးကိုသာ အာရုံစိုက်နေသည် ။
" ဘာ application မှလည်း မရှိပါလား "
" ဖုန်းခေါ်ပြီး စာပို့လို့ရရင် တော်ပြီပေါ့ "
" အဲဒါများ ခလုတ်ဖုန်းဝယ်ကိုင်ပါလား ။ ဘာလို့ ဈေးကြီးပေးပြီး ဝယ်နေသေးလဲ ဒီဟာကို "
နှိုင်းမခက လွန်းရဲ့ အပြောကို ရယ်ကာဖြင့် တုံ့ပြန်သည် ။ လွန်း၏ ဆံပင်ကိုလည်း သူမ၏ လက်ချောင်းများဖြင့် ဖွသေးသည် ။ မှတ်ထားသော ဖုန်းနံပါတ်များမှာလည်း လက်ချိုး၍ပင် ရေတွက်လို့ရလောက်သည် ။
" နေဦး Facebook ဖွင့်ပေးမယ် "
လိုအပ်သော application များကို ကူးယူပြီးနောက် social media accounts များ ပြုလုပ်ရန် ကြံစည်ရတော့သည် ။
" Facebook account ကို ဘယ်လို နာမည်ထားရင် ကောင်းမလဲ ။ လွန်းဟေမာန်ငယ်ရဲ့ အချစ်ကလေးလို့ ထားလိုက်ရမလား ၊ လွန်းဟေမာန်ငယ်ရဲ့ အသည်းအသက်ကလေးလို့ ထားလိုက်ရမလား "
" အဟား "
နှိုင်းမခ၏ ရယ်သံ အဆုံးတွင် ထိုင်နေရာမှ ဆွေ့ခနဲ ကောက်ပွေ့ခွလိုက်ရသောကြောင့် နှိုင်းမခပေါ်သို့ ရောက်မှန်းမသိ ရောက်သွားရသည် ။
" အလန့်တကြားတွေ မလုပ်ပါနဲ့ဆို "
" အစ်မရဲ့ အသည်းအသက်ကလေးက အရမ်းအသည်းယားစရာကောင်းနေတာလေ ၊ ဘယ်စိတ်ထိန်းနိုင်တော့မလဲ "
" သွားပါ အပိုတွေ "
နှိုင်းမခက လွန်း၏ လည်တိုင်ဆီသို့ မျက်နှာအပ်ကာဖြင့် ခပ်ဖွဖွ ပြုံးလိုက်ဟန် ။ အသက်ရှူငွေ့ နွေးနွေးက လည်တိုင်တစ်လျှောက် ဖြတ်ပြေးသွားသည် ။
" လွန်းငယ်ကရော လွန်းရဲ့ Facebook account ကို အစ်မအပိုင်ဖြစ်ကြောင်း ရေးထားလို့လား "
YOU ARE READING
Once Upon On Us