" Happy Birthday ဒေါက်တာ "
" Happy Birthday ကန္တာ "
" လာပေးလို့ အကုန်လုံးကို ကျေးဇူးတင်တယ်နော် ၊ တမင် ဒီအချိန်ကို လာခိုင်းလိုက်တာက ရောက်ရင် အကြာကြီးစောင့်နေရမှာစိုးလို့ ။ ဒယ်ဒီ့မိတ်ဆွေတွေကို လိုက်နှုတ်ဆက်နေရလို့လေ ။ မပြန်ကြနဲ့ဦးနော် ၊ ပြီးရင် ဒယ်ဒီနဲ့ မိတ်ဆက်ပေးမယ် "
နွေကန္တာဦးက စကားအနည်းငယ်ပြောပြီးနောက် လူအုပ်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားသည် ။ အညိုရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော နွေကန္တာဦးက လှသည် ဆိုသော်လည်း ဒူးဖုံးသော ဂါဝန်အဖြူရောင်၏ ပိုင်ရှင်ကို မမှီဟု ထင်မိသည် ။
လူတိုင်းကို ချိုသာစွာနှုတ် ဧည့်ဝတ်ပြုနေသော နွေကန္တာဦးက လွန်း၏ မြင်ကွင်းထဲသို့ မကြာခဏဝင်လာသည် ။ လွန်းကပင် လိုက်ကြည့်နေခြင်းလည်း ဖြစ်နိုင်သည် ။
" ဒေါက်တာ နွေကန္တာဦးက လှတယ်နော် "
ပိုးဖြူက အအေးခွက်ကို ကိုင်လျှက် လွန်း၏ အနားသို့ တိုးကပ်လာသည် ။
" အင်း "
" ငါ့ရဲ့ အဋ္ဌမဉာဥ်အရဆိုရင် ပြောပါတယ် "
" ဆဋ္ဌမအာရုံပါ ပိုးဖြူသွယ်ရယ် "
" ငါ ကြိုသိထားတာက နည်းနည်းများတယ် သူငယ်ချင်းရဲ့ ခြောက်ခုလောက်နဲ့ မရဘူး "
" ဒေါက်တာ နွေကန္တာဦးက ဒေါက်တာ နှိုင်းမခကို ကြိုက်နေတယ်ဆိုတာ သေချာတယ် "" ward တစ်ခုလုံး သိတဲ့ ကိစ္စပါ ပိုးဖြူရယ် "
စိမ်းလဲ့ကပါ သူမတို့အနီးသို့ရောက်လာပြန်သည် ။ စိမ်းလဲ့မေသည် လွန်းတို့ မိန်းကလေးသုံးယောက်ထဲတွင် အလှဆုံးဖြစ်သည် ။ သွေးကြောစိမ်းများကိုပင် ထွင်းဖောက်မြင်နိုင်လောက်အောင် ကြည်လင်နေသော အသားအရေကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည် ။ စိမ်းလဲ့နှင့် ယှဥ်လိုက်ပါက လွန်းအသားဖြူသည် ဆိုတာက ဘာမျှပင် မဟုတ်တော့ချေ ။ မြင်သူတကာ ငေးလောက်သည့် ကောက်ကြောင်းလှလှကလည်း စိမ်းလဲ့မေ၏ အပိုင်ဖြစ်သည် ။ ဆေးကျောင်းတက်ခါစ ရက်များတွင် စိမ်းလဲ့က သူမကို စတင်၍ မိတ်ဖွဲ့ခဲ့သူဖြစ်သည် ။ စိမ်းလဲ့၏ အမူအကျင့်များထဲတွင် နှိုင်းမခနှင့် ဆင်တူသည်များလည်း ရှိသည် ။ အရပ်အမောင်းကအစ နှိုင်းမခနှင့် မတိမ်းမယိမ်းပင် ။ တက္ကသိုလ်နေ့ရက်များတုန်းက လွန်းသည် စိမ်းလဲ့ကိုသာ ငေးကြည့်နေခဲ့သည်များလည်း ရှိ၏ ။
YOU ARE READING
Once Upon On Us