24

7.6K 439 12
                                    

" အိမ်အထိ လိုက်ပို့ပေးချင်တာကို "

" လိုက်မပို့လည်း ရပါတယ် ဧကရီရဲ့ ၊ မိုးချုပ်နေတော့ ကားမောင်းရတာ အဆင်မပြေမှာစိုးလို့ပါ ။ ဒီလောက်ဆို ကျွန်မ ပြန်လို့ရပါပြီ "

ဧကရီက လွန်း၏ စကားကို အသာတကြည် လက်ခံကာ ပြန်သွားသည် ။ အမြဲပြန်နေကြ လမ်းဖြစ်တာကြောင့် အခက်အခဲတော့ မရှိပါချေ ။

" လွန်း "

" မမ ၊ ဒီအချိန်ကြီး ဘာထွက်လုပ်တာလဲ "

" ခေါက်ဆွဲပြုတ်မလို့လေ ၊ နောက်ကျလိုက်တာ နင်က "

" နည်းနည်းပါ ဟီး "

ကုန်စုံဆိုင်ရှေ့ ခါးထောက်ရပ်နေသော အစ်မဖြစ်သူနှင့် တွေ့မှ နှိုင်းမခကို သတိရသွားသည် ။

" ဒါနဲ့ လူရမ်းကားလို ကားမောင်းသွားတဲ့ မမ သူငယ်ချင်း ပြန်သွားပြီလား "

" ဘယ်သူ ? "

" ပတ်ဝန်းကျင်တောင် မမြင်တာ ဘယ်သူမို့လို့လဲ "
" ဒိန်ချဉ်ကုန်နေတယ်တဲ့ ဝတီ "

ဆိုင်အတွင်းမှ ထွက်လာသော နှိုင်းမခကို မြင်မှ မပြန်သေးမှန်း သိလိုက်သည် ။

" နေဦး ငါသွားရွေးဦးမယ် "

ဝတီဟေမာန်က လက်ထဲမှ အထုပ်ကို နှိုင်းမခအား ပေးခဲ့ပြီး ဆိုင်ထဲပြန်ဝင်သွားသည် ။

" အစ်မက ကားကို သက်သက် အရှိန်တင်ပြီး မောင်းသွားတာ မဟုတ်ဘူးလား "

နှိုင်းမခက မျက်နှာရှေ့ ဝဲကျလာသော ဆံပင်များကို သပ်တင်ကာ ပါးကိုဖောင်းလျက် လေပူများကို မှုတ်ထုတ်ပြန်သည် ။

" နှိုင်း cola ယူဦးမှာလား "

" အေး "

တကယ်ကို ပိုလှလာတာက လွဲ၍ မည်သည့်နေရာမှ ပြောင်းလဲသွားခြင်းမရှိသော နှိုင်းမခပင် ။ သူမဝတ်ထားသော ဘောင်းဘီအပွမှာ သူမအခန်းရှိ ဗီဒိုထဲတွင် ခုနှစ်နှစ်ကြာပိုင်ရှင်မဲ့စွာ ကိန်းအောင်းနေခဲ့ရမှန်း လွန်းက မှတ်မိနေသည် ။

" ဒီမှာ အိပ်မှာလား "

" အင်း "

လက်ပတ်နာရီမှ အချိန်သည် ည ခုနှစ်နာရီဖြစ်ကြောင်း ညွှန်ပြနေသည် ။ မီးများ လင်းထိန်နေသော လမ်းမကို မျှော်ကြည့်ရင်း တစ်ချိန်က ဖြတ်သန်းခဲ့ဖူးသော ခြေရာများကိုပင် အမှတ်ရမိပါသေးသည် ။

Once Upon On UsWhere stories live. Discover now