ရင်ခုန်သံများ ချုပ်ထိန်းမရ သူသိအောင် ဖွင့်ပြောမည်
ကိုယ့်ဘက်က အကြင်နာတွေ မင်းသိဖို့လိုပြီ
တို့ ဆုံတွေ့ခြင်း အရှုံးလည်း ယူလိုက်မည်
မင်းရှေ့မှာ ငါ ဒူးထောက်ပြီ ။" တစ်ခုခုတော့ ထူးဆန်းနေတယ်လို့ မထင်မိကြဘူးလား သူငယ်ချင်းတို့ "
ပိုးဖြူ၏ စကားကို အကုန်လုံး တညီတညွတ်တည်း ထောက်ခံကြသည် ။ မျက်လုံးကို မှိတ်ကာဖြင့် ပြုံးနေသော လွန်းဟေမာန်ငယ်ကို ကြည့်ကာ အကုန် စဉ်းစားရကြပ်ပြန်သည် ။
" Retro သမားပဲ ၊ ဝိုင်ဝိုင်းသီချင်းနားထောင်တာ မဆန်းပါဘူး "
မညီညွတ်ချင်သော သူလည်း ရှိနေပါသေးသည် ။
" မဟုတ်ဘူး လဲ့ရ ၊ လွန်းဟေမာန်ငယ်က ဘယ်တုန်းက သီချင်းကို အဲ့လို ခံစားပြီး နားထောင်ဖူးလို့လဲ ။ သူ့ဖုန်းထဲမှာရော သီချင်းက ဘယ်နှပုဒ်ရှိလို့လဲ "
" သူလည်း ဆေးရုံမှာဆိုတော့ ပျင်းလို့နေမှာပေါ့ "
" ဟ ၊ ဆရာဝန်ပါဆို အရင်ကတည်းက ဆေးရုံမှာနေလာတာလေ ။ အခုမှ ထပျင်းရောလား "
" မတူဘူးလေ ... "
" ကဲ ကလေးတွေ ၊ အတင်းတုပ်တာလည်း တုပ်ကြပေါ့ ။ အဲ့အသီးတွေက လွန်းဟေမာန်ငယ်အတွက်ဆိုပြီး နင်တို့ ဝယ်လာတာပေမယ့် နင်တို့ပါးစပ်ထဲ တစ်ဝက်လောက်ပြန်ရောက်နေတာကိုလည်း သတိထားကြဦး "
ဝတီဟေမာန်၏ စကားကြောင့် အသီးပန်းကန်ကို ပြန်ကြည့်မိသည် ။ တစ်ဝက်လောက်က ပျောက်ခြင်းမလှပျောက်ကုန်ကြလေပြီ ။ နင်စား ငါစား ငြင်းခုန်နေစဉ်မှာပင် အခန်းတံခါးက ပွင့်လာသည် ။
" ငါ ထင်တော့ ထင်တယ် ၊ ဘယ် ward မှာမှ မတွေ့ပါလားလို့ ။ ဘယ်ဟုတ်မလဲ ဂျူတီပြေးလာကြတာကိုးကွ "
" ပြေးတာ မဟုတ်ပါဘူး ဒေါက်တာရဲ့ ၊ သတင်းလာမေးတာပါ ဟဲဟဲ "
" လွန်း ဘယ်လိုနေလဲ ၊ သက်သာရဲ့လား "
" ဟုတ် အခုတောင် ဆေးရုံက ဆင်းချင်နေပေမယ့်လေ "
" ဆေးရုံကတော့ မဆင်းပါနဲ့ဦးကွာ ။ အကြာကြီး မဟုတ်ပါဘူး ၊ အနာကျက်ပြီး condition ပုံမှန်ဖြစ်တာနဲ့ ဆရာဝန်ပြန်လုပ်ရမှာပါ ။ ဟုတ်တယ်နော် တာဝန်ခံဒေါက်တာ "
YOU ARE READING
Once Upon On Us