" ဟယ်လို "
" ဒီနေ့ ညနေလား "
" ဪ မဟုတ်ဘူး ကျွန်မ အားတယ် ဧကရီ "
" အာ ရပါတယ် ၊ လေးနာရီဆို ဂျူတီပြီးပြီလေ "
" ဟုတ်ကဲ့ ၊ ဒါဆို စောင့်နေပါ့မယ် "ဖုန်းကို မျက်နှာနားမှခွာလိုက်ရင်ပဲ သူငယ်ချင်းများ၏ အကြည့်စူးစူးများက လွန်းထံ ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာသည် ။
" နင်နဲ့ မဧကရီနဲ့ ခဏခဏ တွေ့နေသလိုပဲနော် ၊ နင်တို့ ရိုးရော ရိုးရဲ့လား "
ပိုးဖြူက မျက်လုံးကို တမင်မှေးကာ မေးသည် ။ လွန်း၏ ရယ်သံက သူတို့၏ ပဟေဋိများကို ပိုပင် ရှုပ်ထွေးသွားစေလောက်သည် ။
" ရိုးပါတယ်ဟာ ၊ စိတ်ကို ရှင်းရှင်းထားကြစမ်းပါ "
" တို့ကတော့ ရှင်းတယ်နော် ။ ဧကရီနဲ့သာဆို သဘောတူတယ် ၊ တို့ဒယ်ဒီရဲ့ လုပ်ငန်းပါတနာမို့လို့ ကောင်းကောင်းသိတယ် ၊ အသက်ငယ်ငယ်နဲ့ စီးပွားရေးလောကမှာ အရမ်းအောင်မြင်တဲ့သူပဲ ။ အရွေးမမှားသင့်ဘူး လွန်း "
နွေကန္တာဦးကတော့ ပြိုင်ဖက်တစ်ယောက် လျော့လည်း မနည်းဟု တွေးထားသလားမသိရလောက်အောင် လွန်းကို အရောက်ပို့နေပြန်သည် ။ စာအုပ်ကို မျက်နှာမှ မခွာသော နှိုင်းမခ၏ အမူအယာကို သိချင်လှပေသည် ။
" ဒါပေမယ့် ရွေးပြီးသား ဖြစ်နေလို့ပါ ။ ကျွန်မရဲ့ ရွေးချယ်မှုကလည်း မှားမယ်လို့ မထင်ပါဘူး "
နွေကန္တာဦးက ရယ်ကာဖြင့် ခေါင်းငြိမ့်ပြသည် ။ လွန်း၏ ရွေးချယ်မှုသည် နှိုင်းမခ ဖြစ်နေသေးသ၍ မှားယွင်းစရာအကြောင်းမှာ မြူမှုန်စာမျှပင် မရှိပါ ။
" ဒါကတော့ မင်းသဘောပေါ့ ၊ ဒါပေမယ့် ဧကရီ့ကို ကြည့်ရတာ မင်းကို အသည်းအသန် ကြွေနေပုံပဲနော် ၊ ဒီတစ်ပတ်ကိုပဲ တွေ့ဖို့ချိန်းတာ ဘယ်နှခေါက်ရှိနေပြီလဲ ။ မှန်းစမ်း ၊ သုံးခါထက်တော့ မနည်းဘူးဟုတ် "
နွေကန္တာဦး၏ စကားအဆုံးတွင် မြင်လိုက်ရသော မျက်ဝန်းစိမ်းတစ်ခုကြောင့် ဖြေရမည့် မေးခွန်းကိုပါ မေ့သွားရသည် ။ နွေကန္တာဦးက တကယ်ပဲ ဘာဖြစ်ချင်နေတာပါလဲ ။
" ဘယ်လဲ "
စာအုပ်ကို စားပွဲပေါ်တင်ကာ ထထွက်သွားသော နှိုင်းမခကို နွေကန္တာဦးက အမိအရပင် မေးခွန်းမေးလိုက်နိုင်သည် ။
YOU ARE READING
Once Upon On Us