" နိုက်ဂျူတီ ရှိလား Andy "
နှိုင်းမခက ကန္တာ့၏ မေးခွန်းကို ခေါင်းခါပြသည် ။ လက်ထဲက စာအုပ်ကိုတော့ မချ ။
" အိမ်လိုက်ခဲ့ "
" ဟင် "
" အာ အိမ်မှာ အမျိုးတွေရောက်နေလို့လေ "
နှိုင်းမခက ကန္တာ့ကို တအံ့တသြဖြင့် ပြန်ကြည့်သည် ။
" နင့် အိမ်မှာ အမျိုးတွေ ရောက်နေတာက ငါနဲ့ ဘာဆိုင်လို့လဲဟင် "
" ငါ့မွေးနေ့ကို လာကြတာ ၊ လက်ချည်ပွဲကိုပါ တစ်ခါတည်းလုပ်ပေးမလို့တဲ့ ။ ငါငယ်ငယ်က တစ်ခါပဲ လုပ်ဖူးတာ "
" အာ နင် ပြောပြဖူးတဲ့ လက်ချည်ပွဲလား "
" တော်လိုက်တာ ငါ့ Andy လေးက ၊ အဲ့ဒါကြောင့် ချစ်နေရတာ "
နှိုင်းမခ၏ ရယ်သံ လွင်လွင်များက အမှန်တကယ်ပင် ချစ်ဖို့ ကောင်းလွန်းသည် ။ ကန္တာ့၏ ကျရှုံးရာ အမှတ်အသားတစ်ခုဆိုလည်း မမှားချေ ။
" အဲ့ဒါ နင်တို့ကို ခေါ်သွားမလို့ ၊ ရုံးဆင်းချိန်ကျ အတူသွားကြတာပေါ့ "
" အင်း သူရာ့ကိုလည်း ပြောလိုက်ဦး "
နှိုင်းမခက ဖတ်လက်စ ဆေးစာအုပ်ဆီသို့ အာရုံ ပြန်ရောက်သွားသည် ။
" Emily ရဲ့ Funeral တုန်းက ငါ Harvard မှာ ကိစ္စတစ်ခုရှိလို့ မလာဖြစ်တာ ၊ နင် ရောက်နေတယ်ကြားလို့ အလုပ်တွေ အမြန်အပြီးသတ်ပေမယ့် နင်က ၃ရက်နဲ့ ပြန်သွားတယ်တဲ့ "
" ဒီမှာလည်း အလုပ်တွေက ပစ်ထားခဲ့လို့ မရဘူးလေ နွေရဲ့ ၊ နင့်ကို မဆက်သွယ်တာက သက်သက်မဲ့ အလုပ်ရှုပ်နေမှာစိုးလို့ "
နှိုင်းမခက တစ်ဖက်သားအတွက်လည်း ဖြည့်တွေးပေးတတ်သူ ဖြစ်သည် ။ မှတ်မှတ်ရရဆိုလျှင် နှိုင်းမခကို ကျောင်းစာကြည့်တိုက်တွင် စတွေ့ခဲ့ခြင်းဖြစ်သည် ။ ဟားဗက်စ် တက္ကသိုလ်၏ ကျယ်ပြောလှသော စာကြည့်တိုက်သို့ နေ့စဥ်မပြတ် လာတတ်သော နှိုင်းမခနှင့် စာလုပ်ချင်စိတ်မရှိသော အချိန်များတွင် အတန်းလစ်ကာ စာကြည့်တိုက်တွင် လာအိပ်တတ်သော သူမ၏ တွေ့ဆုံမှုက အနည်းငယ်တော့ အူကြောင်ကြောင်နိုင်သည် ။
YOU ARE READING
Once Upon On Us