18

6.5K 357 30
                                    

လေအေးပေးစက်မှ အအေးဓာတ်တစ်ချို့က ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ လာရောက်ရိုက်ခတ်သည် ။ စောင်ထူထူထဲတွင်နစ်မြုပ်နေ၍သာ တော်သေးတော့သည် ။ အကြောင်းအရာတစ်ချို့က မှတ်ဉာဏ်ထဲသို့ အစီအရီတိုးဝင်လာသည် ။ အလန့်တကြားဖြင့် ထထိုင်လိုက်တော့ ခါးအောက်ပိုင်းမှ နာကျင်မှုကြောင့် အိပ်မက်မဟုတ်မှန်း သုံးသပ်လိုက်မိသည် ။

ဘေးဘီဝဲယာတွင်မူ သူမနှင့်တူသည့် ဆံချည်မျှင်လေးတောင် မတွေ့ရ ။ နှိုင်း၏ ခန္ဓာကိုယ်ပေါ်မှ ဖရိုဖရဲအဝတ်အစားများအရ သူမဝတ်ပေးသွားမှန်း သိလိုက်သည် ။

လမ်းပင်မလျောက်ချင်သော်လည်း အိမ်ထဲတွင် သူမကို ပတ်ရှာရဦးမည်ဖြစ်သည် ။ နာကျင်နေသော ခါးအောက်ပိုင်းကို မသိကျိုးကျွံပြုကာ အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည် ။

" နိုးပြီလား ၊ ရေခဲသေတ္တာထဲမှာ ဘာမှ ထွေထွေထူးထူးမတွေ့လို့ ပေါင်မုန့်ကြက်ဥကြော်ပဲ လုပ်ထားပေးတယ် ။ လာစားတော့ "

" မူးနေလို့ အသိစိတ်လွတ်သွားတာ "
" အဲ့လို သတ်မှတ်ပေးမယ် ။ ဘာမှ မဖြစ်ခဲ့ဘူးလို့ မှတ်လိုက် "

ဖန်ခွက်ထဲသို့ ကြိုပြီးသား နွားနို့များကို လောင်းထည့်နေသော လက်များ ရပ်တန့်သွားသည် ။

" ဒါပေမယ့် ဘယ်လိုလုပ်မလဲ ၊ ညီမက အကုန်မှတ်မိနေတယ် "

" လွန်းဟေမာန်ငယ် ! "

" ဒေါက်တာနှိုင်းမခရဲ့ ခန္ဓာကိုယ်အချိုးအစားက စပြီး အသက်ရှူသံတွေအထိလေ ၊ ဒီမှာကြည့် အစ်မကိုက်ထားလို့ သွေးတောင် စို့တယ် "

စိတ်လွတ်သွားသလား စိတ်လိုလက်ရလား နှိုင်းကိုယ်တိုင်လည်း ဝေခွဲမရတော့ပါ ။ လွန်း၏ နှုတ်ခမ်းထောင့်မှ ပေါက်ပြဲဒဏ်ရာအသေးစားကလည်း နှိုင်းကြောင့် ရခဲ့သည်မှာ လွဲနေလိမ့်မည် မဟုတ်ပါချေ ။ လွန်း၏ လည်တိုင်များကို အားကိုးတကြီး ဖက်တွယ်ထားမိသော ပူနွေးမှုကိုလည်း မှတ်မိနေပါသေးသည် ။

" ဘာပဲ ဖြစ်ဖြစ် အစ်မ ညီမကို ယူမှရတော့မယ် "

" ငါက ဘာလို့ __ "

" သွေးဆောင်ဖျားယောင်းမှုလေ "

" ဘာပြောတယ် !! "

Once Upon On UsWhere stories live. Discover now