11

6.3K 436 11
                                    

မထူးခြားတဲ့ တနင်္လာနေ့ပါပဲ ။ ထူးခြားနေတာကတော့ သူမနဲ့ နှိုင်းမခရယ်သာ ။ ထူးခြားရခြင်းကတော့ အလုပ်များလှပါတယ်ဆိုတဲ့ နှိုင်းမခက သူမနဲ့အတူ နားချိန်လာတူပြီး နှစ်ယောက်တည်း ထိုင်နေရခြင်းကို ဆိုလိုတာပါ ။ အလုပ်လုပ်နေတဲ့ သုံးလအတွင်း ပထမဆုံး နားချိန်တူခြင်းပင် ။

ခုံကိုမှီထားပြီး လက်ကိုပိုက်ကာ မျက်လုံးတွေကို မှိတ်ချထားသည် ။ ထိုမှိတ်ချထားသော မျက်ခွံများအောက်တွင် ငြို့ငင်နိုင်သော မျက်ဝန်းညိုတွေရှိကြောင်းကို သိရှိထားပြီး ဖြစ်သည် ။ အိပ်နေခြင်းတော့ မဖြစ်တန်ချေ ။ လွန်းနှင့် အကြည့်ချင်းစုံရန် မလိုလားသောကြောင့်ဟု ဝမ်းနည်းစွာ အသိအမှတ်ပြုလိုက်ရသည် ။

* Ring Ring *

ဖုန်းမြည်သံကို ကြားလိုက်ရသည် ။ လွန်းရဲ့ဖုန်းကတော့ မဟုတ်ချေ ။ မှိတ်ချထားသော မျက်ဝန်းတို့ကို ခပ်ဖြေးဖြေးပင့်တင်ပြီး ဂျူတီကုတ် အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည် ။ လက်ချောင်းဖြူသွယ်သွယ်နှင့်အတူ အသံမြည်နေသော ဖုန်းတစ်လုံးက ထွက်ပေါ်လာသည် ။

" Hello "

လွန်းကို တစ်ချက်လေးတောင် လှည့်မကြည့်သေးချေ ။ ထို့ကြောင့် ဝမ်းနည်းမှုက ပိုရသည် ။

" ဟင် ! "

ရုတ်တရက် မတ်တပ်ထရပ်လိုက်တော့ ထိုင်နေသည့် လွန်းပါ အလန့်တကြားဖြစ်သွားသည် ။

" ခ "

နေသူရာက အလောတကြီးဖြင့် အခန်းထဲသို့ ပြေးဝင်လာသည် ။

" သူရာ US ကို အခုထွက်မယ့် လေယာဥ်လက်မှတ် ပြင်လိုက် "

" ခဏ ... ခ စိတ်အေးအေးထား "

" မဟုတ်ဘူး ၊ ပရော်ဖက်ဆာက ငါ့ကို စနေတာ နေမှာ ။ အခု သွားမယ် "

စကားတွေက တောင်စဥ်ရေမရ ဖြစ်လာသည် ။ မျက်လုံးတွေကလည်း မူမမှန်တော့ ။ ဖြူဖတ်ဖြူရော် ဖြစ်လာသော မျက်နှာကြောင့် ပိုပြီးတောင် စိတ်ပူမိတော့သည် ။

" စိတ်အေးအေးထားလို့ ပြောနေတယ်လေ နှိုင်းမခ ! "

အသက်ရှူနှုန်းတွေ မြန်လာတော့ နေသူရာက နှိုင်းမခ၏ ပုခုံးကို ကိုင်လှုပ်ကာ အော်လိုက်သည် ။
ဘာတွေဖြစ်နေမှန်း မသိတာ လွန်းတစ်ယောက်တည်းသာ ။

Once Upon On UsWhere stories live. Discover now