" ညနေ ဂျူတီ ဘယ်အချိန်ပြီးမှာလဲ ရဲရင့် "
" ၄ နာရီ ဒေါင်ဆိုတာနဲ့ ဂျူတီကုတ် ချွတ်အပြီးပဲ "
" ကမ်းနားသွားရအောင် မုန့်သွားစားကြမယ် "
ပိုးရဲ့ စကားကို လွန်းတို့ တညီတညွတ်တည်းထောက်ခံသည် ။
" ဟို ... ဒေါက်တာတို့ရော လိုက်ခဲ့ပါလား "
နေသူရာက နှိုင်းကို လှည့်ကြည့်သည် ။ နှိုင်းကတော့ဖြင့် စာအုပ်ထဲမှ အကြည့်မရွေ့ ။
" နင် လိုက်ချင် လိုက်သွားလေ ၊ ငါနားချင်လို့ "
" ဒါဆို ကလေးတွေ ၊ ကိုယ့်ဟာကိုယ်ပဲ ဝအောင် စားလာကြတော့နော် "
" လိုက်သွားဆိုနေရော "
နေသူရာက ပြုံးလျှက် ခေါင်းခါပြသည် ။
" ကဲ နေ့လည်စာချိန် ရောက်ပါပြီ ခင်ဗျ ။ သွားကြမယ်လေ "
ရဲရင့်မင်း စကားအဆုံးတွင် အားလုံး လုပ်လက်စ အလုပ်များကို ရပ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့ကြသည် ။
" ဒေါက်တာ နှိုင်းမခနဲ့ ဒေါက်တာ နေသူရာကို Reception မှာ လူတစ်ယောက်ရှာနေတယ် "
" Andrewwww "
စကားပင်မဆုံးသော တစ်စုံတစ်ခုကိုအော်ခေါ်လိုက်သော မိန်းကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသည် ။ နှိုင်းမခ၏ ခြေလှမ်းများလည်း ရပ်တန့်သွားသည် ။
မိန်းကလေးတစ်ယောက်က သူမတို့ရှိရာဘက်ဆီသို့ လှမ်းကာ လက်ပြနေသည် ။
နေသူရာက ဝမ်းသာအားရဖြင့် ထိုမိန်းကလေးဆီ မပြေးရုံတမယ် ခြေလှမ်းများဖြင့်ပြေးသွားသည် ။ နေသူရာနှင့် နှုတ်ဆက်အပြီးတွင် နှိုင်းမခဆီသို့ ရောက်လာသည် ။
" Long time no see ... my Andy "
" နွေ ... "
" Of cause ! Yours "
" နွေကန္တာဦးရေ ... ငါ နှုတ်ဆက်နေတာကို ပြီးအောင် နားထောင်ဦးလေ "
" နင်က ငါ့ Andy လောက် အရေးကြီးလား "
" ဟောဗျာ "
" တစ်ခုခု သွားစားကြမလား Andy ၊ စကားတွေလည်း အများကြီး ပြောစရာရှိလို့ "
YOU ARE READING
Once Upon On Us