" ဘာလိုလိုနဲ့ မနက်ဖြန်ဆို တနင်္လာနေ့တောင် ပြန်ရောက်ပြီ "
နှုတ်ခမ်းကို ဆူကာ ပြောလိုက်သော လွန်း၏ စကားကြောင့် နှိုင်းမှာ တွေးဆဆဖြစ်သွားရသည် ။ တနင်္ဂနွေနေ့ ပြီးဆုံး၍ တနင်္လာနေ့ရောက်လာသည်မှာ မထူးဆန်းသော အရာပင် မဟုတ်ပါလား ။
" စနေနေ့ပဲ ပြန်ရောက်ရင်ကောင်းမယ် "
" ဟော "
ယခု အချိန်သည်ကား တနင်္ဂနွေနေ့၏ ညနေလေးနာရီသို့ ကျော်လွန်တော့မည့် အချိန်ဖြစ်သည် ။ မနက်ကတည်းက အစောကြီး ရောက်လာပြီး တစ်နေကုန် ကပ်ချွဲနေသော ကလေးမပင် ။ အိမ်ပြန်ပို့ပေးမည်ဟုပြောနေသော်လည်း ခဏပဲ နေမည်ဟု ဆိုကာ အခုထိကို မပြန် ။ ယခုအတိုင်းဆိုလျှင် သူ့အိမ်ကို အသိပေးထားမျ ဖြစ်ပေရော့မည် ။ အိမ်ပြန်မလာလျှင် စိတ်ပူနေကြမှာ အမှန် ။
" ရုံးဖွင့်ရက်ဆိုတော့ ဆေးရုံသွားရမယ် ၊ ဆေးရုံသွားရင် အလုပ်လုပ်ရမယ် ၊ အဲ ညီမ အလုပ်လုပ်ရတာ ကိစ္စမရှိပေမယ့် အစ်မကကျ မတူတော့ဘူး workholic ကြီးက တစ်နေကုန် မနားဘဲ ဟို ward သွားလိုက် ဒီ ward ဝင်လိုက်ဆိုတော့ နှိုင်းမခရဲ့ မျက်နှာလေး ခဏမြင်ရဖို့ကို မနည်းလိုက်ဖမ်းနေရတယ် "
" ဒါကတော့ အစ်မက စီနီယာကိုး လွန်းငယ်ရဲ့ ၊ အစ်မ အခုလိုမျိုး အလုပ်ကြိုးစားမပြထားရင် နောက်လာမယ့် ကလေးတွေက ဘယ်ကြိုးစားတော့မလဲ "
" ဌာနမှူးဖြစ်သွားတာက အဲဒါတစ်ခုဆိုးတာသိလား ၊ ရုံးချိန် ခိုးဒိတ်လို့တောင် မရတော့ဘူး ။ လဲ့လည်း အစ်မလိုပဲ ၊ ဖမ်းမရဘူး ။ အရမ်းစီနီယာကောင်း ပီသပြထားတော့ သူများ သူငယ်ချင်းလေးက အားကျပြီး အခုဆို ဒေါက်တာနှိုင်းမခ ပေါက်စ ဖြစ်နေပြီ "
နှုတ်ခမ်းဆူကာ ပြောလာသော လွန်းကို အသည်းယားစွာဖြင့် ပါးကို ဆွဲဖျစ်လိုက်မိသည် ။
" အစ်မသိလား ၊ လဲ့က အစ်မနဲ့ အတော်တူတာ "
" စိမ်းလဲ့မေကလား "
" ဟုတ်တယ် ၊ စာကြိုးစားတဲ့နေရာရော ၊ အမူအကျင့်တွေရော ။ ဆေးကျောင်း စတက်တဲ့ ရက်တွေကဆို သူ့ကို မြင်ပြီးမှ အစ်မကို ပိုလွမ်းရသလို "
YOU ARE READING
Once Upon On Us