42

7.4K 376 33
                                    

" လွန်း အဝေးကြီး လျောက်မသွားနဲ့နော် "

" ငါကလေးလေး မဟုတ်ပါဘူး ပိုးဖြူသွယ်ရယ် ၊ ဘယ်လိုဖြစ်လို့ "

အနောက်မှ သတိပေးနေသော သူငယ်ချင်းဖြစ်သူကို လျစ်လျှူရှုကာဖြင့် သူတို့နှင့် ဝေးရာသို့ ထွက်ခဲ့သည် ။ ဝေးရာဟု ဆိုသော်လည်း ဤ ပြတိုက်မှ အဝေးကိုတော့ မဟုတ် ။

ပန်းချီကားများ ထားသော အခန်းထဲသို့ ရောက်တော့ ကားတစ်ကားချင်းစီကို လိုက်ကြည့်နေမိသည် ။ အနုပညာအကြောင်း နားမလည်သော်ငြား အတော်ပင် လက်ရာမြောက်ကြောင်းကိုတော့ သိသည် ။

အဝါရောင်များ ရောယှက်နေသော ပန်းချီကားချပ်၏ ရှေ့တွင် အမျိုးသမီးတစ်ယောက်ရပ်နေ‌သည် ။ ရင်းနှီးခဲ့ဖူးသော ကျောပြင်ပင် ဖြစ်သည် ။ လွန်းကို အမြဲလိုလို ကျောခိုင်းတတ်သော ထိုအမျိုးသမီး၏ ကျောပြင်ကို မည်ကဲ့သို့ မေ့ရပါမည်နည်း ။

တိတ်ဆိတ်နေသော ပန်းချီပြခန်းအတွင်းမှ ခြေသံများ ရုတ်ချည်းပျောက်ကွယ်သွားသည် ။ ဘေးနားမှ ပန်းချီကားများသည်လည်း ပျောက်ကွယ်သွားသည် ။ ပန်းချီကားသည် နေကြာခင်းတစ်ခု၏ ပုံကို ရေးဆွဲထားသည် ။ သို့သော် နေကြာများအားလုံးက ဖျက်ဆီးခံထားရသကဲ့သို့ ယိုင်လဲကာ ပျက်ဆီးနေသည် ။

ရှောင်ပြေးချိန်ပင် မရလောက်အောင် ထိုအမျိုးသမီး၏ နောက်လှည့်လိုက်မှုသည် မြန်ဆန်လွန်းနေသည်တော့ မဟုတ် ၊ လွန်းကသာ ခြေလှမ်းများကို မရွေ့လျားခဲ့ချင်ဟန် ။

ပုခုံးကျော်ပဲ အမြဲရှိခဲ့သော ဆံနွယ်များက ခါးအထက်ဆီသို့ ဝေ့ကာဝဲကာဖြင့် ကျဆင်းနေသည် ။ အနက်ရောင်မဟုတ်‌တော့ဘဲ အညိုရောင်ဖြစ်နေသည်ကလည်း တစ်မျိုးလှ‌ပြန်ပေသည် ။ long coat မှ အိတ်ကပ်ထဲသို့ လက်ထည့်ကာဖြင့် လွန်းကို မမှိတ်မသုန်စိုက်ကြည့်နေသည် ။ မျက်ဝန်းညိုများကို တစ်ဖန် ပြန်တွေ့လိုက်ရချိန်တွင် လွန်းသည် ထပ်မံယိုင်လဲမတက်ဖြစ်သွားရသည် ။ ထိုအမျိုးသမီးသည် နှိုင်းမခပင် ဖြစ်သည် ။

January လ၏ အနှုတ် တစ် ဒီဂရီသို့ရောက်နေသော အချိန်ဖြစ်သည် ။ လေအလုံပိတ်ထားသော ပြတိုက်ထဲ လက်ဖျားများအေးစက်နေရသည်က လွန်းပဲ ရှိမည်ထင်သည် ။

Once Upon On UsWhere stories live. Discover now