9

5.4K 383 8
                                    

" လွန်းတောင် နိုးလာပြီ ။ ဒီနေ့ ဆေးရုံကို စဆင်းရမှာမလား သမီး ။ "

" ဟုတ် မေမေ ။ စိမ်းလဲ့တို့နဲ့ ဆေးရုံရှေ့မှာ တွေ့ဖို့ ပြောထားတယ် "

မေမေက လွန်းရဲ့ ရှေ့ကို မုန့်ဟင်းခါးထည့်ထားတဲ့ ပန်းကန်ကို ချပေးသည် ။

" မမရော "

" အိပ်တုန်းနေမှာပေါ့ ၊ ဒီနေ့ သူ အလုပ်နား__ "

" မေမေ ဘာစားစရာရှိလဲ ။ "

မေမေ့စကားပင် မဆုံးသေး ဝတီဟေမာန်က အိပ်ချင်မူးတူးဖြင့် ထမင်း စားပွဲပေါ် ရောက်လာသည် ။

" မုန့်ဟင်းခါး ချက်ထားတယ် ၊ မစားခင် ကြီးကြီးတို့ကို အရင် သွားပို့ဦး "

" သမီး သွားပို့လိုက်မယ် မေမေ "

" ခဏနေ သွားရတော့မှာဆို "

မေမေက ဟင်းရည်ချိုင့်ကို စားပွဲပေါ် တင်ပြီး မေးသည် ။

" ရတယ် ၊ အခုပို့ပြီး ပြန်လာမယ် "

စားလက်စ မုန့်ဟင်းခါး ပန်းကန်ကို ထားခဲ့ပြီး ချိုင့်ဆွဲကာ တစ်ဖက်အိမ်သို့ ကူးလာခဲ့သည် ။

" မားရေ ၊ ဒီမှာ မုန့်ဟင်းခါး လာပို့တာ ။ "

မီးဖိုချောင်သို့ ဝင်ပြီး ချိုင့်ကို စားပွဲပေါ် တင်ပေးလိုက်သည် ။

" အေး အေး ၊ လွန်းလေး ခဏနော် ။ မား ဘုရားသောက်တော်ရေ လဲဦးမယ် ။ "

အပေါ်ထပ်မှ လှမ်းပြောသော မား၏ အသံကို ကြားလိုက်သည် ။

ဧည့်ခန်းသို့ ထွက်လာခဲ့ပြီး ခုံတွင် ထိုင်နေလိုက်သည် ။ မျက်နှာချင်းဆိုင် နံရံပေါ်တွင် တစ်ယောက်သောသူ၏ ဘွဲ့ဓာတ်ပုံတစ်ပုံ ရှိနေသည် ။ အသေအချာကို မေးထောက်ပြီး ငေးနေလိုက်သည် ။

နည်းနည်းလေးတောင် ပြုံးမနေဘူး ။ ဘယ်လိုလေးလဲ မသိဘူး ။

" စောင့်ရတာ ကြာသွားလား သမီး ၊ မား သောက်တော်ရေ လဲနေတာ ။ "

" မကြာပါဘူး မားရဲ့ ၊ မီးဖိုထဲမှာ လွန်း ချိုင့်တင်ထားတယ် ။ ပါးရော အလုပ်သွားပြီလား "

" အစည်းအဝေးရှိလို့တဲ့ လွန်းရေ ၊ မနက်က အစောကြီး ထွက်သွားရော ။ သမီးလည်း ဒီနေ့ ဆေးရုံစဆင်းရမှာမလား ၊ အစစအရာရာ ဂရုစိုက်ပေါ့ လွန်းရယ် "

Once Upon On UsWhere stories live. Discover now