30

6K 336 16
                                    

" ဒေါက်တာ "

မြေညီထပ်ရှိ reception တွင် လူနာနှင့် စကားပြောပြီးသော နှိုင်းမခအနားသို့ တိုးသွားလိုက်သည် ။

" အလုပ်ပြီးရင် ညဈေးတန်းသွားမလို့ ၊ လိုက်ဦးမလားလို့ "

နှိုင်းမခက ပြုံးလျက် ခေါင်းငြိမ့်ပြသည် ။ အဖြေပြန်ရပြီးသော်လည်း ထွက်မသွားဘဲ နှိုင်းမခဘေး ယောင်လည်လည်လုပ်နေမိသည် ။ တကယ်ကို နှိုင်းမခတွင် သံလိုက်စက်ကွင်း တစ်ခုခုများ ရှိနေသလားဟု ထင်မှတ်မိသည် ။ ထမင်းစားချိန်နား၍ ‌ဂျူတီပြီးသော ဆရာဝန်များက အလျှိုလျှိုဆင်းလာကြသည် ။

ဝူးခနဲ အရှိန်ပြင်းပြင်းမောင်းလာပြီး ဆေးရုံရှေ့ ရုတ်တရပ် ရပ်သွားသော အနီရောင် ပြိုင်ကားတစ်စီးကြောင့် လွန်းမှာ ရင်ဘတ်ဖိမိလျက်သား ။ နှိုင်းမခကလည်း မျက်မှောင်ကျုံ့လိုက်သေးသည် ။ မိန်းကလေးတစ်ဦးက ကားပေါ်မှ ဆင်းလာသည် ။ ဤမျှ စည်းကမ်းမဲ့ မောင်းလာသည်ကို လုံခြုံရေးများက အဘယ်ကြောင့် မတားပါသနည်း ။ အဖြေမှာ မကြာခင်ပင် ရှင်းလင်းစွာ ထွက်လာတော့သည် ။

" ဒေါက်တာ နွေကန္တာဦး ! "
" ဟေ့ အဲဒါ နှလုံးအထူးကုဘက်က ဒေါက်တာ နွေကန္တာဦးမဟုတ်လား "

ထိုကဲ့သို့ အသံပင်မထွက်နိုင်ပဲ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေသူမှာ နှိုင်းမခပင် ။ လွန်းသည်လည်း ထိုနည်းလည်းကောင်းပင် ။ ပေါင်လယ်ကျော်သာ ရှိသော စကတ်နှင့် လည်ဟိုက်အင်္ကျီနီနီမှာ နွေကန္တာဦးနှင့် လိုက်ဖက်စွာ တည်ရှိနေသည် ။ ထို့နောက် ရွှေကိုင်းတပ် နေကာမျက်မှန်ကို ချွတ်ကာ နှိုင်းမခရှိရာသို့ လျောက်လာသည် ။

" နွေ "

" အခုမှ မြင်ဖူးတာလား ငါ့ကို "

" မ... မဟုတ် ... "

" အဟား ၊ စတာပါ ။ နေ့လည်စာ စားပြီးပြီလား ၊ မစားရသေးရင် ငါနဲ့ ခဏလိုက်ခဲ့မလား ။ တို့ Andy ကို ခဏ ခေါ်သွားမယ်နော် "

လွန်းဆီက ခွင့်ပြုချက်တောင်းသည်ဟု ထင်လိုက်မိသော်လည်း အသိပေးခြင်းသာ ဖြစ်ကြောင်းကို ဂျူတီကုတ်ပင် မချွတ်လိုက်နိုင်သော နှိုင်းမခအားမြင်မှ သတိထားမိသည် ။ အဝတ်အစားပင် နီနေသည် မဟုတ်ဘဲ ဆံပင်ကိုပါ ကာလာပြောင်းထားကြောင်း နေရောင်ထဲ ရောက်မှ သတိထားမိသည် ။ နွေကန္တာဦး၏ အမိုးဖွင့်ပြိုင်ကားပေါ်တွင် သူမ၏ နှိုင်းမခ ပါသွားလေပြီ ။

Once Upon On UsWhere stories live. Discover now