2

7.8K 517 9
                                    

" လွန်းရေ ... လွန်းငယ် "

တံခါးကို တဘုန်းဘုန်းထုပြီး သူ့ကို အော်ခေါ်လိုက်သည် ။ တံခါးဖွင့်ပြီးသည်နှင့် တစ်ပြိုင်နက် သနပ်ခါးရနံ့က ကပ်ပါလာသည် ။

" တံခါးမဖွင့်တက်ဘူးလား ခင်ဗျား ၊ "

အပြောကတော့ ရင့်တုန်း ။ ဒူးလောက်ပဲ ရှိတဲ့ ဘောင်းဘီ အတိုလေးကို ရှပ်အင်္ကျီအပွဖြင့် တွဲဝတ်ထားပြီး သနပ်ခါးအဖွေးသားကို ဖြစ်သလို လိမ်းထားဟန်ရှိသည် ။

" ရေခဲမုန့် သွားစားမယ်လေ ။ "

" မစားဘူး "

" လာပါ ၊ လွန်းရဲ့ ။ အောက်မှာ သူရာလည်း စောင့်နေတာ ၊ ကြာရင် အားနာစရာကြီး "

" အားနာရင် ကိုယ့်ဟာကိုယ်သွား ၊ မလိုက်ဘူး ခင်ဗျားနောက် "

" ဟ "

အနုနည်းနဲ့ မရတော့လောက်အောင် လွန်းဟေမာန်ငယ်၏ စကားအပြောအဆိုကား နှိုင်းအတွက် အဆင်မပြေလှတော့ ။

" စကားက ရင့်လှချည်လား လွန်းဟေမာန်ငယ်ရ ၊ ငါက ပြဿနာကို မကြီးစေချင်လို့ ဒီလောက် အလျော့ပေးပြီး ချော့နေတာကို နင်က ကောက်တုန်း ။ ဒီလောက် ချော့နေတာကိုမှ စိတ်မပြေရင် ငါလည်း မတက်နိုင်တော့ဘူး ။ နင့်သဘောကျ ကြိုက်သလိုသာ လုပ်တော့ ။ "

အသံက သိပ်မမာပေမဲ့ လွန်းအပေါ် မသုံးဖူးသော လေသံမျိုးဖြစ်သည် ။ လွန်း မျက်ဝန်းတွင် မျက်ရည်ကြည်များ ဝိုင်းလာသည်ကို တွေ့လိုက်ရသည် ။

" သည်းခံပေးနေတိုင်း အနိုင်ယူလို့ရတယ် ထင်မနေနဲ့လေ ၊ ငါလည်း အမြဲတမ်းတော့ အလျော့မပေးနိုင်ဘူး ။ ထပ်မလွန်ချင်နဲ့တော့ လွန်းဟေမာန်ငယ် ။ "

" အစ်မကို မုန်းတယ် ။ "

မျက်ရည်များဖြင့် စကားတစ်ခွန်းကို ဆိုပြီး တံခါးကို ဆောင့်ပိတ်သွားသည် ။ မတက်နိုင် ။ ဒီကလေးက အလျော့ပေးလွန်း၍ အနိုင်ယူနေခြင်းသာ ။ နှိုင်းလည်း စိတ်မကြည်ချင်တော့ ။ ရုတ်ရုတ်သဲသဲ အသံများ ကြား၍ ထင်သည် ၊ ဝတီက အပေါ်တက်လာပြီး ဘာဖြစ်တာလဲဟူသည့် အမူအယာဖြင့် ကြည့်သည် ။

ခေါင်းခါပြရင်း အိမ်အောက်ကို ဆင်းကာ သူရာ့ဆီသို့ လာခဲ့သည် ။

Once Upon On UsWhere stories live. Discover now