19

7.2K 427 22
                                    

" ဒါဆို ငါပြန်မယ်နော် Andy ... တစ်ခုခုဆို ဖုန်းလှမ်းဆက်လိုက် နော် ။ အိပ်ပေးချင်ပေမယ့် အဒေါ်တွေက ပြန်မှာမို့လို့ ညကားနဲ့ လိုက်တင်ပေးရမှာ "

" ရပါတယ် ၊ စိတ်ချပါ ။ ငါ ကလေးလေး မဟုတ်ပါဘူး နွေရဲ့ "

" ကလေးလေးဆိုရင် ရိုက်ပြီး ဆုံးမလိုက်ပြီ ' ညကြီးမိုးချုပ် အအေးပတ်အောင် ရေချိုးရလား ' ဆိုပြီးတော့ ။ အခုက လူကြီးလေး ဖြစ်နေလို့ ခက်နေတာ "

ကန္တာက နဖူးကို တစ်ချက်စမ်းကြည့်သည် ။

" ကိုယ်တော့ မပူတော့ပါဘူး ၊ စကားပြောလိုက်တော့ ချွေးထွက်သွားတာ နေမယ် ၊ ဆေးတော့ သောက်အိပ်နော် ။ ပိုးသတ်ဆေးက ပြတ်လို့ မရ ... "

" ငါ ဆရာဝန်ပါ နွေကန္တာဦးရယ် "

" ငါလည်း ဆရာဝန်ပါပဲ ၊ လျှာမရှည်ပါနဲ့ "
" စိတ်ချမယ်နော် Andy "

နွေကန္တာဦး ထွက်သွားတော့မှ တံခါးကို လော့ချကာ အိမ်ထဲ ပြန်ဝင်လာလိုက်သည် ။ လွတ်လပ်သွားပေမယ့် တစ်ပြိုင်နက်တည်းမှာပင် ထိုင်းမှိုင်းမှုကို ခံစားလိုက်ရသည် ။

" အစ်မ "

" အမေ့ ..."

အခန်းထဲမှ ခေါင်းပြူထွက်လာသော သူမကြောင့် ထိုင်နေရင်းနှင့် ထအော်မိသည် ။

" မပြန်သေးဘူးလား "

" ဘာလို့ ပြန်ရမှာလဲ ၊ အစ်မမှ နေမကောင်းသေးတာ "

" သက်သာတယ် ပြန်တော့ "

လွန်းက နှိုင်း၏ အနားသို့ ကပ်လာကာ နဖူးကို စမ်းသည် ။ ယနေ့ တစ်နေ့အတွင်းမှာပင် နှိုင်း၏ နဖူးသည် နွေကန္တာဦးနှင့် လွန်း၏ လက်ကို မပြတ်ရအောင်ပင် အလုပ်များစေခဲ့သည် ။

" ကိုယ်မပူတော့ဘူးပဲ ၊ ပန်းသီး မစားလိုက်ဘူးမလား ။ ဒေါက်တာ နွေကန္တာဦးရှေ့မှာမို့လို့ ဘာမှ မပြောတာ ၊ အစ်မက ဖျားရင် အသီးတွေ စားလို့မရတာ သိတယ်မဟုတ်လား "

" အင်း "

" လိမ္မာတယ် ၊ အစ်မ စားဖို့ ဆန်ပြုတ် ပြုတ်လိုက်ဦးမယ် "

" ခေါက်ဆွဲပြုတ် ... "
" ခေါက်ဆွဲပြုတ် စားချင်တယ် "

အစာစားရန် အဆင်မပြေသော နှိုင်း၏ လူနာတိုင်းအား ဆန်ပြုတ်ကို အစေ့ပျောက်အောင် ပြုတ်ပြီးသာ စားရန် ညွှန်ကြားခဲ့သည် ။ ယခုတော့ တစ်ရက်ပင် မပြည့်သေးပေမယ့် နှိုင်းကိုယ်တိုင်တောင် ထိုဆန်ပြုတ်ကို ထပ်မစားလိုတော့ချေ ။

Once Upon On UsWhere stories live. Discover now