4

6.9K 429 2
                                    

" နှိုင်းမခနဲ့ ဝတီရေ မေမေတို့ရောက်ပြီ "

အဆောင်မှူးဆရာမ၏ အသံကြောင့် လက်ထဲမှ စာအုပ်ကို အိတ်ထဲ အမြန်ထိုးထည့်လိုက်ပြီး အခန်းအပြင်သို့ထွက်လာခဲ့သည် ။

" ဒါဆို မနက်ဖြန် ညနေကို ပြန်လာပို့ပေးမယ်နော် ဆရာမ "

နေမကောင်းဖြစ်ထား၍ အင်အားမရှိဟန်ပေါ်နေသော ဝတီ့ကို ဝတီ့မေမေက အတော် စိတ်ပူနေဟန်ပင် ။

" နေမကောင်းတာကို မပြောဘဲနဲ့ သမီးလေးရယ် ၊ မေမေလာခေါ်မှာပေါ့ ။ အခုတော့ နှိုင်းပြောမှ သိရတယ် "

" နေက ကောင်းသွားပါပြီ မေမေရဲ့ ၊ ဖျားထားတဲ့ အရှိန်ကြောင့် အားသိပ်မရှိသလိုဖြစ်နေတာ ။ ဒါနဲ့ လွန်းရော "

လွယ်အိတ်နှစ်အိတ်ကို လွယ်ပေးထားရသဖြင့် နာလာသော ပုခုံးကို မသိကျိုးကျွန်ပြုနေရသည် ။

" ကျူရှင်ချိန်နဲ့ တိုက်နေလို့လေ ၊ အခု မေမေတို့ အိမ်ပြန်ရောက်ရင်တော့ ရောက်နေလောက်ပါပြီ "

အိမ်ကို ရောက်တော့ မာမီနှင့် စကားတွေ ပြောဖြစ်သည် ။ ညနေစောင်းခါနီးမှ ကိုယ်လက်သန့်စင်ကာ တစ်ဖက်အိမ်သို့ ထွက်ခဲ့သည် ။

" လွန်းဘယ်သွားလဲ ။ "

" နင်က ရောက်ရောက်ချင်း သူ့ကို လာမတွေ့လို့တဲ့ ထမင်းစားပြီးတည်းက ကောက်တော်မူသွားတာ အခုထိ ဆင်းမလာဘူး "

သူ့ကို ဆူဖို့လာခဲ့ပေမယ့် ပြန်ချော့ရတော့မည့် အခြေအနေနှင့် တည့်တည့်တိုးတော့သည် ။ လွန်းအခန်းရှိရာ အပေါ်ထပ်ဆီသို့ ခြေသံမကြားရအောင် ဖြေးဖြေးချင်းတက်လာခဲ့သည် ။

* ဒေါက် ဒေါက် *

" တံခါးလော့မချထားဘူး "

နှိုင်းဖြစ်နေမှန်း သိပုံတော့မရ ။ အသံက ပျော့နေသေးသည် ။

" လွန်း "

စာကြည့်စားပွဲတွင် ထိုင်နေပြီး ဘာစာမှတော့ လုပ်ပုံမရ ။ နှိုင်းရဲ့ အသံကို ကြားတော့ တည်နေသည့် မျက်နှာက နဂိုထက် နှစ်ဆခန့်ပို၍ ဆူပုတ်သွားသည် ။

" လာလည်းမတွေ့ဘူး အစ်မက "

" အခုလာပြီလေ "

" လွမ်းနေတာ "

Once Upon On UsWhere stories live. Discover now