7

6.2K 404 7
                                    

မြန်မာစံတော်ချိန် နံနက် ၃နာရီခန့်သို့ ရောက်ရှိလာပြီ ဖြစ်သည် ။ လွန်းက နှိုင်း၏ ပုခုံးကို မှီလျက် နှစ်ခြိုက်စွာ အိပ်မောကျနေသည် ။ နှိုင်းတို့ စီးနင်းလာသော အဝေးပြေးကားသည် ပုသိမ် ကားကြီးဝင်းတွင် ရပ်လိုက်သည် ။ တည်းခိုမည့် ဟိုတယ်သို့ရောက်ရန် ၁၅မိနစ်ခန့် လမ်းလျောက်ရပေဦးမည် ။

" အထုပ်တွေ ပေးလေ "

နေသူရာက ကားအောက်ခန်းမှ အိတ်တွေကို ထုတ်ကာ တစ်ယောက်တည်းဆွဲလာသည် ။

" လွန်းကိုသာ သေချာထိန်းစမ်းပါ ၊ လမ်းပေါ် အိပ်ပျော်တော့မယ် ဟိုကလေးမ "

လွန်းက လမ်းလျောက်နေရသည်ကိုပင် သိရဲ့လား မသိလောက်အောင် ယိုင်ထိုးနေသည် ။ တစ်ယောက်တည်းလျောက်နေသော လွန်းအနားသို့ အလျင်အမြန်ပင် လိုက်ကာ ဘေးမှ တွဲလိုက်ရသည် ။

" လွန်းငယ် ... လွန်းရေ ၊ ဟိုတယ်ရောက်မှ ဆက်အိပ် ။ ထ ထ "

ပုခုံးကနေ လှုပ်နှိုးကာမှ အိပ်ချင်မူးတူးဖြင့် မျက်လုံးပွင့်လာသည် ။

" ဟင် ရောက်ပြီလား "

" ဟိုတယ် ရောက်တော့မယ် ၊ နည်းနည်းထပ်လျောက်လိုက် "

" ဟာ ညီမ အိတ် "

အလန့်တကြားဖြင့် အနောက်ကို လှည့်ကြည့်တော့ နေသူရာက သူ့လက်ထဲရှိ အိတ်လေးလုံးကို မ ပြသည် ။

" အာ ကိုကြီးသူရာကို အားနာစရာဗျာ ၊ ပေး ကိုကြီး "

" ရောက်တော့မှာပါ ၊ သယ်လာခဲ့မယ် သွား "

ဝတီက နေသူရာ၏ အင်္ကျီစကို ဆွဲကာ အိပ်ချင်မူးတူးဖြင့် ပါလာသည် ။

" နင်တို့ အင်ဂျင်နီယာဦးနှောက်နဲ့ တွေးကြည့်စမ်း ၊ ခနဲ့လွန်း လမ်းလျောက်နေတာ ဘယ်လောက် meter per second နဲ့လဲလို့ "

" ဟင် ဘာကြီး "
" အာ ဒီခွေးကောင်နှယ် ၊ စာအကြောင်းမပြောစမ်းနဲ့ဆို "

နေသူရာနှင့် ဝတီဟေမာန် ပီသစွာဖြင့် တိတ်ဆိတ်နေသော ညကို ရန်စကားများဖြင့် ဖြိုခွင်းနေကြသည် ။ ဟိုတယ်ကို ရောက်မှ လွန်းက အထုတ်တွေ ချကာ ကုတင်ပေါ်သို့ ခုန်တက်တော့သည် ။

Once Upon On UsWhere stories live. Discover now