Extra : ♾

7.4K 395 38
                                    

" အစ်မ "

" ပြောလေ လွန်းငယ်ရဲ့ "

စာကြည့်ခန်းထဲအထိ ရောက်လာပြီး နှိုင်း၏ နာမည်ကို ခေါ်လိုက်သော လွန်းကြောင့် စိတ်ပါလက်ပါလေး ပြန်ထူးလိုက်ရသည် ။ သို့သော် အတန်ကြာအထိ မည်သည့်စကားမျှ ဆိုမလာသော လွန်းကြောင့် မျက်မှန်ကို ပင့်တင်ကာ မော့ကြည့်မိသည် ။

" လွန်းငယ် "

လွန်းက အရှေ့တွင် ရပ်နေရင်းမှ နှိုင်း၏ အနားသို့ ရောက်လာကာ ပေါင်ပေါ်တက်ထိုင်လျက် ကပ်ချွဲတော့သည် ။ ကာစီးမှုတစ်ခု ဖြစ်တော့မည့် မျက်မှန်အား ချွတ်ကာ စားပွဲပေါ်တင်လိုက်ပြီး လွန်း၏ ခန္ဓာကိုယ်ခပ်သေးသေးကို သိမ်းကြုံးပွေ့ဖက်လိုက်တော့ ပုံမှန်ထက် ပိုကာ ပိုတိုးလာတော့သည် ။

" ဘာပြောစရာရှိလို့လဲ ကလေးလေး "

" ညီမကို ဘယ်အချိန်တုန်းက စချစ်တာလဲ "

ဖွင့်ထားလက်စ Laptop မှ မြင်နေရသော anatomy အသုံးအနှုန်းများအားလုံးကို မူးဝေရှုပ်ထွေးစွာ မြင်လိုက်ရသယောင် ။ လွန်းက ယခုလို ပုံစံဆင်တူသော  မေးခွန်းများကို မကြာခဏဆိုသလို မေးသည် ။ ထိုအချိန်တိုင်းလည်း နှိုင်းတွင် အဖြေအမြဲရှိခဲ့သည် ။ မဖြေနိုင်စရာအကြောင်းလည်း မရှိပါ ။

" ခွဲခန်းထဲကနေ ထွက်လာတဲ့ OG ရဲ့ လက်ထဲက မွေးကင်းစ လွန်းငယ်လေးကို မြင်ကတည်းက ချစ်မိခဲ့တာ ထင်တယ် "

" ဟွန်း အဲ့လောက်ကျ အရမ်းပိုသွားပြီ "

ငုံ့ကြည့်လိုက်တော့ နှုတ်ခမ်းလေးကို ဆူကာဖြင့် နှိုင်း၏ စကားကို ပိုနေကြောင့် ငြင်းဆန်နေသော ကလေးငယ်၏ ချစ်ဖွယ်ဟန်ပန်ကို တွေ့လိုက်ရသည် ။ အနီးကပ်ဆုံးဖြစ်နေသော ပါးပြင်ကို နမ်းရှိုက်လိုက်ပြီး ရယ်မိတော့ လွန်း၏ မျက်စောင်းကလေးက ဝင့်ခနဲဖြင့် ရောက်ရှိလာတော့သည် ။

" လွန်းရဲ့ မေမေတောင် မနမ်းရသေးတဲ့ အကောင်ပေါက်လေး လွန်းကို အစ်မက အရင်နမ်းခဲ့တာပါနော် ၊ အဲ့တုန်းကဆို အခုမှ အပြင်ထွက်လာတဲ့ကလေးကို မနမ်းရဘူးဆိုပြီး လူကြီးတွေ ဆူတာတောင် ခံခဲ့ရသေးတယ် "

" သုံးနှစ်လောက်က မှတ်ဉာဏ်ကိုတောင် မှတ်မိနေတာလား "

" အကုန်မှတ်မိတာတော့ ဘယ်ဟုတ်ပါ့မလဲ အချစ်ရဲ့ ၊ အစ်မ ပြောပြမယ် ။ ဦးနှောက်မှာ golden memory ဆိုတဲ့ မှတ်ဉာဏ်သေးသေးလေးတွေကို သိုလှောင်တဲ့ function တစ်ခုရှိတယ် ၊ အဲ့ဒီ့အစိတ်အပိုင်းလေးတွေထဲမှာ ရဲ့ ကိုယ်တိုင်က သတ်မှတ်လိုက်တဲ့ ဘဝရဲ့ အရေးအပါဆုံး တန်ဖိုးအရှိဆုံး အခိုက်အတန့်တွေရှိတယ် ။ အစ်မတို့ ရုပ်ရှင်အပိုင်းအစလေးတွေကို ဖလင်လေးနဲ့ ပြန်ကြည့်သလိုပေါ့ကွာ "

Once Upon On UsWhere stories live. Discover now