<><><> အပိုင်း [၂] <><><>

2K 123 13
                                    

Unicode

🎼🎼🎼 တောပန်းကလေးများနဲ့ လှချင်တိုင်း လှနေပါတဲ့ . . . လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဖက်မှာ . . . အဆင်းအတတ် ခရီးဆက်လို့ ဖြတ်ကျော်မြင်ကွင်းရှေ့မှာ တောင်ပြာတန်းတွေ ဆီးလို့ကာ . . . 🎼🎼🎼

လူးလွန့်လာတဲ့ လေအဝှေ့မှာ ကပ်ညှိတွယ်လာတဲ့ ဆံနွယ်ရှည်တွေကို ယိုင်းယိုင်ပြီး သူ၏ အသံချိုချိုလေးနဲ့ သာယာတဲ့ တေးသံလေးနဲ့ လိုက်ဖက်ညီစွာ ရှိလှပေသည်။ သီချင်းလေးကို ညဥ်းညူရင်း ဘေးပတ်ဝန်းကျင်က တောတောင်လေးတွေကို ငေးကြည်းရင်း လိုက်ပါလာရသည်က သိပ်ကို အရသာရှိလှသည်။

ကားလမ်းလေးဟာ တောင်တန်းကြီးရဲ့ အစွန်မှာ ရှိပြီး ဘယ်ဘက်ကို ကြည့်လိုက်ရင်ဖြင့် ကျောက်ကမ်းပါးလေး ဖြစ်၍ သစ်ပင်တွေ အထပ်ထပ်ဖြင့် ကာရံထားသည်။ ဝါးပင်တွေ ထိုးထိုးထောင်ထောင်ကြားထဲက ချုံပုတ်ထဲတွင် အနီ၊ အပြာ၊ အဝါ အစရှိတဲ့ တောပန်းလေးတွေမှာ အရောင်မျိုးစုံနဲ့ တင့်တယ်လှပလေသည်။ တီချယ်စန္ဒာ ဦးဆောင်တဲ့ သူတို့သူငယ်ချင်းတစ်တွေနဲ့ တခြားကျောင်းသားအနည်းငယ်ဖြင့် ဝရတုမနတောင်တန်းဘက်သို့ သုတေသန ပြုရန်ထွက်လာခြင်းပေ။ အဲ့ဒီဘက်ထိတော့ မရောက်သေး။ ခရီး အစဟုပင် ပြောရမယ်။ တောင်တန်းအသွယ်သွယ်ကို ကျော်ပြီးရင် မန္တလေးတိုင်းထဲက ပုဂံဘုရားတွေကို ဖူးပြီးမှ ခရီးဆက်မည်ဟု သိရသည်။ အခုတော့ ရာသီဥတုက တအားပူတော့ ပြင်ဦးလွင်သာ အရင်လာလိုက်လေသည်။ ဝင်္ကဝရမြို့က ပြန်လာမှ ပုဂံကို တကူးတက ဝင်၍ ပို့မည်ဖြစ်သည်။

သူ၏ ဆံနွယ်တွေ တလွင့်လွင့်နဲ့ သီချင်းဆိုညဥ်းသံတွေကို ကြားရသောကြောင့် အလွန်ပျော်မိသည်။ အလင်္ကာ ကားရပ်မည်ကိုပင် စိုးရွံ့လာမိသည်။ မှိုင်းညို့နေတဲ့ တောင်တန်းကြီးတွေရဲ့ အအေးဓာတ်လေး​ဟာ နေလို့ကောင်းသော်လည်း လက်ရှည်ပါးသော သျှားညို အဖို့ သိပ်ကို တုန်ခိုက်လျက်ရှိသည်။

"ချမ်းနေပြီလား သျှားညို"

"ဟင့်အင်"

"တခြားလူကိုသာ သွားလိမ်ရင် ရမယ် ကိုယ့်ကိုတော့ မလိမ်ပါနဲ့လားကွာ"

အလင်္ကာက ပါးတွေရဲနေပြီး ချမ်းနေရှာသော သျှားညိုကို လိမ်နေသောကြောင့် စိတ်ဆိုးသလိုလေး ပြောပြီး သျှားညို ပခုံးထက်ကို သူ၏ လက်ရှည်အင်္ကျီလက်ရှည်လေး ထပ်၍ ခြုံပေးလိုက်လေသည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Onde histórias criam vida. Descubra agora