Unicode
အနှီးလူသား၏ လက်ထဲတွင် ကလေးမလေးတစ်ယောက်ကို ရင်ခွင်တွင်ပိုက်၍ ပြေးလာလေသည်။ မောဟိုက်နေသော ရင်အစုံဟာလည်း နိမ့်ချည်မြင့်ချည်၊ အလျင်အဟုန်ပြေးလာမှုကြောင့် တင်ပါးအထိကျနေသော ဆံနွယ်တွေဟာ လှုပ်ခါရမ်းနေသည်။ မည်မျှတောင် အရေးကြီးနေလဲ မသိ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုတွေ၊ ဝမ်းနည်းမှုတွေဟာလည်း အထင်းသား။
ပြေးလွှားနေရာကနေ ရုတ်တရက် ဘယ်ခြေထောက်ဆီက နာကျင်မှုကို ကြည့်လိုက်တော့ ပုလင်းကွဲလေးတစ်ခုဟာ ခြေဖဝါးထက်မှာ ထက်ခြမ်းခွဲထားသည်။ သို့သော် သွေးချင်းချင်းနီရဲနေသော ထိုအနာအား ဂရုမစိုက်နိုင်။ သုံးနှစ်အရွယ်လက်ထဲက ကလေးမလေးဟာလည်း တစ်ရှုံ့ရှုံ့ဖြင့် အော်ငိုနေရှာပေသည်။ ရွာရဲ့ တောင်ဘက်စူးစူး ကြာကန်လေးဘေးတစ်လျှောက်ပြေးလာသည်မှာ မမောနိုင်၊ မပန်းနိုင်ပေ။ ခြေဖဝါးထက်က နာကျင်မှုကိုလည်း ဂရုမစိုက်အား။
"အမေ . . . အမေ!"
ကြာကန်ရဲ့ ဘေးနားတွင် ရှိသော တမာပင်ကြီး၏ အောက်က တဲအိုလေးရှေ့အရောက် ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်ပြီး မိခင်ဖြစ်သူအား အော်ခေါ်လိုက်လေသည်။ မိခင်ဖြစ်သူဟာလည်း ကလေးကို ပွေ့ထားသော သားဖြစ်သူ၏ ခေါ်သံကိုကြားတော့ မီးခိုးတွေ လုံးနေရာကနေ မျက်နှာ မအီမသာဖြင့် ထွက်ချလာသည်။
မိခင်၏မျက်နှာ မအီမသာဖြစ်လျှင် သျှားညိုသိလိုက်ပြီ ဆန်မဝယ်နိုင်သည့် သူတို့အတွက် ဒီနေ့လည်း ဆန်ကွဲဖြင့်သာ ချက်ရမည်ဟု။ မယ်မယ်ရရ အလုပ်အကိုင်မရှိသည့် သူတို့အတွက် ဖခင်က ဧရာဝတီမြစ်ကို အားပြုပြီး ငါးဖမ်း၍ ရွာထဲတွင်ရောင်းချရသည်။ ရသည့်ငွေလေးနှင့် အဆင်ပြေတယ်ဆိုရုံသာ၊ တစ်ခါတလေတွင်တော့ ငါးမရလျှင် ဆန်ကွဲကိုတောင် ဆန်ပြုတ်လုပ်၍ စားကြရသည်။ ရွာထဲတွင်လည်း အလွန်ဆင်းရဲသည့် သူတို့ကို မည်သူမျှ အလုပ်မပေးကြ။
"သား . . . ဘာဖြစ်လာတာလဲ"
မျက်နှာပေါ်တွင် ပေကျန်နေသော အိုးမဲတွေကို လက်သုတ်ပဝါအစုတ်ကလေးဖြင့် တစ်ချက်သုတ်၍ အမောတကောဖြင့် ပြေးလာသော သားဖြစ်သူအား မေးလိုက်သည်။
YOU ARE READING
❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)
Historical Fictionတစ်ခါတလေ အဖြူရောင်နှင်းဆီတွေကို မေ့ထားပြီး အနီရောင် တောပန်းကလေးတွေလည်း သတိရကြည့်ပါ။ မြင့်မြတ်တဲ့ အလှတရားတွေ ရှိနေတတ်တယ် This fiction that does not represent 18+ Completed!!! *Photo Cover Crd* Warning ⤵️⤵️⤵️ Uke weak !!! Myanmar Historical !!! Time...