<><><> အပိုင်း [၂၂] <><><>

394 30 0
                                    

Unicode

သနပ်ခါးနံ့သင်းသင်းဟာ ထိုသူနှင့် ပါလာသည်နှင့် အညီ ဝင်းမွတ်နေသော ပါးပြင်တွင် သနပ်ခါး ခပ်ဝင်းဝင်းကို တွေ့နေမိသည်။ တစ်ဆက်တည်း သျှိသျှားညို၏ လက်ထဲက ကိုင်ထားသော အနီရောင်မရင့်တရင့် အရောင်ရှိသော ပန်းသီးခြင်းလေးကို မြင်မိတော့ 'သနပ်ခါးနှင့် ပန်းသီးဟာ မတည့်ဘူး' ဆိုသော စကားပုံကို ပြေးမြင်လာမိသည်။

သို့သော် ဒေါင်းသက်အလင်္ကာအဖို့ ထိုအရာနှစ်ခုကို တွဲလျက်စားခိုင်းလျှင် စားဖို့ရန် ဝန်လေးနေမည်မဟုတ်။ ဦးခေါင်းထက်က ဒေါင်းမွှေးဆံထိုးနားတွင် ပန်ဆင်ထားသော ခပ်ဖျော့ဖျော့ မြတ်လေးပန်းလေးကို မြင်မိတော့ အံ့သြရသူက ဒေါင်းသက်အလင်္ကာပါပင်။

"ဟို . . . မိဖုရားကြီးက ပေးခိုင်းလို့ပါ"

ခရေပင်အရိပ်တွင် သျှိသျှားညိုဟာ ဝင်းဖန့်ဖန့် သူ၏ ခြေသလုံးလေးတွေကို ရပ်လိုက်ကာ ဒေါင်းသက်အလင်္ကာကို ပန်းသီးခြင်း ထိုးပေးလာသည်။

သူ့ထံကို ဆိုက်ဆိုက်မြိုက်မြိုက်လာပြီး ပေးသည်ကတော့ အနည်းငယ်တော့ အံ့သြစရာပင် မဟုတ်လား။

ယခုလို ရှက်ပြုံးပြုံးလေးနှင့် လာပေးလေတော့  အရင်ငါးနှစ်ကျော်က ကြာကန်ဘေးတွင် မျက်ရည်တွေဖြင့် ငိုနေခဲ့သော ထိုကောင်ငယ်လေး၏ ပုံရိပ်ကို ပြန်လည်မြင်ယောင်မိတော့ တစ်ချက်ပြုံးမိသေးသည်။

"မယူဘူးလားဟင်"

သျှိသျှားညိုက ဂုတ်ကလေးကို တစ်ချက်ပွတ်ပြီး ပြောတော့ ဘေးက ထိုင်နေပြီး ရှက်ပြုံးပြုံးကြီး ကြည့်နေသော နုမော်က,,,

"ယူလိုက်လေ မင်းကလည်း"

နုမော်၏ စိတ်ထဲတွင်တော့ သူ့သူငယ်ချင်းကြီး ဟာ သျှိသျှားညို၏ အလှထံတွင် သက်ဆင်းသွားရှာပြီ ဟု ဘာရယ်မဟုတ်ဘဲ တွေးမိသေးသည်။

ထိုအခါမှ ဒေါင်းသက်အလင်္ကာလည်း ဘာစကားမျှ မဆိုသာဘဲ သျှိသျှညို၏ လက်ထဲက ပန်းသီးခြင်းလေးကို လက်​လွှဲယူလိုက်စဥ် သျှိသျှားညို၏ လက်နှင့် ဒေါင်းသက်အလင်္ကာ၏ လက်တို့ဟာ မထင်မှတ်စွာပါဘဲ ထိတွေ့မိသွားသည်။ လတ်ဆတ်နေသော ရင်ခုန်သံကိုတော့ ထိန်းချုပ်မရဘူးဆိုသည်ကို ဒေါင်းသက်အလင်္ကာ ဝန်ခံရမည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Место, где живут истории. Откройте их для себя