<><><> အပိုင်း [၁၂] <><><>

586 46 0
                                    

Unicode

"သက် . . . သက် . . . သက်"

"ဟင် . . . သတိထားပါအုံး သျှားညို"

သျှိသျှားညို မြွေကိုက်ခံရပြီးနောက် အလင်္ကာဟာ အလွန်ပင် ဝမ်းနည်းပြီး စိတ်သောကရောက်နေရသည်။ သို့ပေမယ့် ပူဆွေးနေရုံနဲ့ အသက်အန္တရာယ် မလွတ်မြောက်နိုင်ဘူးမလား။ ထို့အတွက်ကြောင့် ပွဲကောက်ရေတံခွန်နှင့် အနီးစပ်ဆုံးတွင်ရှိသော ဆေးရုံတွင် အမြန်ပို့လိုက်ရလေသည်။

တော်သေးသည်က ဆေးရုံတွင် မြွေဆိပ်ဖြေဆေးဟာ အလွယ်တကူရှိနေသောကြောင့်ပင်။ သို့သော် သျှိသျှားညိုမှာ မြွေဆိပ်ပြေသွားသော်လည်း ပြန်လည်သတိရလာခြင်းမရှိခဲ့။ ထိုဆေးရုံကနေ ဝင်္ကမြို့ရှိ သစ္စာဆေးရုံကို ထပ်မံပြောင်းရွှေ့ခံရသည်။ ဒေါင်းအလင်္ကာမှာ နေ့စဥ်ရက်စက် သျှိသျှားညိုအနားမှာပဲ စောင့်ပေးနေသည်။ ချစ်ရသူရဲ့ မေ့မျောနေသော မျက်နှာကို ကြည့်ရင်းနဲ့ပင် ကျစရာမျက်ရည်တွေလည်း ခမ်းကုန်ရတော့သည်။

ယခုလို တစ်လကြာမှပင် သတိရလာသည်။ သို့သော် ယခု ဒေါင်းအလင်္ကာမှာ အလွန်ဝမ်းနည်းသွားရသည်။ သျှိသျှားညို သတိရလာလာခြင်း ပါးစပ်မှ ထွက်လာခဲ့သည်က 'သက်' ဟူသော နာမ်စားကြောင့်ပင်။ သက် ဆိုသည့်နာမည်မှာ သူ့အမနှင့် သူ့အမေ၏ နာမည်လည်း မဟုတ်။

သူ့နာမည်လည်း မဟုတ်ချေ။ သျှိသျှားညိုမှာ သူ့ထက်ပင် ချစ်ရမည့်သူ ရှိနေပြီလား။ သူဆက်ပြီး မတွေးနိုင်တော့ချေ။ အခုလို သူနဲ့ ခွဲရမည်ဆိုသော ပတ်သတ်မှု​ကို တစ်စွန်းတစ်စ တွေးရုံဖြင့် သူ့နှလုံးသားတွေ နာကျင်ရသည်။ တကယ်သာ ခွဲရရင် သူရူးသွားရလောက်သည်။

သူချစ်ရသူ၏ နှုတ်မှ ရွတ်နေတာက သက် တဲ့လား။ မင်းက ကိုယ့်ထက်သာတဲ့ သူကို တွေ့နေပြီ ထင်ပါရဲ့လေ။ ကိုယ်က ပေးဆပ်ရုံသပ်သပ်နဲ့ ချစ်ခဲ့တာပါလေ။ ဒါဆို မင်းရော ကိုယ့်ကို တကယ် မချစ်ခဲ့လေသလား။ ဟင့်အင် မင်းအပေါ် မယုံကြည်ခြင်း မဖြစ်ပါရစေနဲ့။ တစ်ခါလောက်ပဲ ဖြစ်ဖြစ် ကိုယ့်အပေါ်ကို ချစ်ပေးပါလား သျှားညိုရယ်။

"အလင်္ကာ"

သူ၏ အတွေးတွေတွင် နစ်မြောနေရင်း သျှိသျှားညိုက အလင်္ကာ ဟု အားဖျော့သောလေသံလေးနှင့် ခေါ်လိုက်မှ သျှိသျှားညိုကို အာရုံစိုက်မိတော့သည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Onde histórias criam vida. Descubra agora