<><><> Extra 1 <><><>

814 29 0
                                    

Unicode

ကြာပန်းတွေဟာ ကန်ရေပြင်အနှံ့မှာ ဝေဝေဆာဆာဖူးပွင့်လို့ နေလေသည်။ ကားလမ်း၏ အရှေ့ဘက်နှင့် အနောက်ဘက်မှာ ကန်ရေပြင် နှစ်ခု ရှိလေသည်။ အရှေ့ကန်၏ အလယ်တွင် ထုံးဖြူဖြူဘုရားစေတီလေး တည်ရှိသည်။ ကားလမ်းဘေး တစ်လျှောက်တွင်လည်း မြင်းရထားလုံး
သဏ္ဍာန် ပြုလုပ်ထားသည့် ထိုင်စရာနေရာတွေကိုလည်း ထားရှိသေးသည်။

ယခုသျှိသျှားညိုသည် စွန်လွှတ်ချင်သည်ဟု ဆို၍ ကြာပန်းတွေ ရှိသည့် မုံရွာမြို့ရဲ့ မြောက်ဘက်က ကန်သာယာကို ရောက်နေခြင်းပေ။

သျှိသျှားညိုမှာ ကားပေါ်က ဆင်းဆင်းခြင်း ဒန်းကလေးပေါ်သို့ ပြေးသွားလေသည်။ လက်ရှည်အင်္ကျီအဖြူလေးကို ဝတ်ထားပြီး လက်ကောက်ဝတ်ကိုလည်း ခေါက်ထားသေးသည်။ နောက်ပြီး ဒူးလောက်ပဲ ရှိသည့် ဘောင်းဘီတိုလေးကို ဝတ်ထားပြီး လေမှာ ဆံနွယ်တွေ တလွင့်လွင့်နှင့် အနည်းငယ် ကပိုကရိုနှင့် ဗယုတ်ကျသော်လည်း အလင်္ကာ့မှာ အချစ်ပိုရမြဲဖြစ်သည်။

ဖြူဝင်းကြည်နေသော သျှိသျှားညို၏ မျက်နှာမှာ ပျော်ရွှင်နေသောကြောင့် ထင်ပါသည်
အလင်္ကာ့ဆီပင် အပျော်တွေ လာ၍ ကူးစက်သည်။

မကြီးမသေးဒန်းလေးမှာ သျှိသျှားညိုနှင့်
အံဝင်ဂွင်ကျ ဖြစ်နေသည်။

"လာလေ ဒီမှာ လာစီး"

နှစ်ခုယှဥ်တွဲလျက် ထားထားသော ဒန်းကလေးကို သျှိသျှားညိုမှာ ကားအဖြူလေးကို မှီရပ်နေသော အလင်္ကာ့အား ဒန်းစီးရန် ခေါ်နေပေသည်။

အလင်္ကာလည်း ခေါင်းရမ်းပြလိုက်သော
ကြောင့် ကိုယ်တော်ချောလေးက နှုတ်ခမ်းလေးက ချွန်သွားလေရဲ့။

သျှားညို၏ စိတ်ကို သိသည့်အလား အလင်္ကာ့မှာ သျှိသျှားညိုဆီ သွားလိုက်ပြီး ဒန်းပေါ်တွင် မထိုင်ပဲ သျှိသျှားညိုကိုသာ လွှဲပေးလိုက်သည်။

"🎶စိတ်ဆိုးစိတ်ကောက်တာလား
ငါအမြဲတမ်းချော့နေကြ
ဒါတွေကိုလေ မင်းလေးသိရက်သားနဲ့
အကျင့်ပုတ်ကာ သူလှည့်စားတယ်🎶"

မျက်နှာကို မှင်သေသေ ဘေးကို ငေးပြီး ဒန်းကို လွှဲပေးရင်း သီချင်းလေးညည်းမိတော့ အနာပေါ် တုတ်ကျ၍ထင်သည် နောက်ပြန်လှည့်လာ၍ မျက်ထောင့်နီဖြင့် လှည့်ကြည့်လာသည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Where stories live. Discover now