<><><> အပိုင်း [၁၄] <><><>

537 39 0
                                    

Unicode

"ဒေါင်းသက်အလင်္ကာ"

"ဗျ . . . ခင်ဗျာ"

"မင်း လေးကို ဘယ်လိုကိုင်နေတာလဲ . . . သေချာအာရုံစူးစိုက်"

အလင်္ကာရဲ့ စိတ်အစုံဟာ ဒီနေ့လေ့ကျင့်ရေးတွင် စိတ်ပါဝင်စားမှု မရှိပါချေ။ သူ၏ စိတ်ပါဝင်စားမှုတွေက သျှိသျှားညို တစ်ယောက် အဆင်ပြေရဲ့လား ဟူသော 'လား' မေးခွန်းတွေရဲ့ အောက်မှာပင်။

ကစ္စဝတီနန်းတော်တွင်းထဲက နန်းတော်၏ အနောက်တောင်ထောင့်တွင် လေ့ကျင့်ကွင်းဟာ ကျကျနန တည်ဆောက်ထားလေသည်။ လေကောင်းလေသန့် ရရန် သစ်ပင်ပန်းပင်တွေလည်း ရှိပေသည်။

ဒီနေ့ လေ့ကျင့်ပေးသည်က လေးကို သေချာကိုင်ဖို့နှင့် ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်ဖို့ရန်ပင်။ စစ်သည်တော် တစ်ယောက်ဖြစ်ချင်ပြီဆိုလျှင် ဓားရေးလည်း ကျွမ်းကျင်ရမည်။ လေးအတတ်လည်း တတ်မြောက် ပိုင်နိုင်ရမည်။ အဘက်ဘက်က ပြည့်စုံနေမှ ဖြစ်မည်။

"ဒါဟာ ကလေးကစားနေတာ မဟုတ်ဘူး . . . ငါတို့ တိုင်းပြည်အတွက် ကြိုးစားနေခြင်းဖြစ်တယ်"

အာရုံမစိုက်သော သူအချို့ရှိနေ၍ ခေါင်းဆောင်ဖြစ်ဟန် တူသော သူတစ်ယောက်က ညွှန်ကြား အမိန့်ပေးနေခြင်းပေ။

*****တစ်စုံတစ်ခုကို ပြုလုပ်မယ်ဆိုရင် အဲ့ဒီအပေါ်မှာပဲ အာရုံစိုက်ရတယ်၊ အနုအယွလေးတွေကိုပဲ စိတ်ဝင်စားနေမယ်ဆိုရင် ဓားနဲ့ အခုတ်ခံရတာပဲ ရလိမ့်မယ်*****

ဆိုသည့် ဖခင်နှင့်အတူ ဓားရေးလေ့ကျင့်တုန်းက ပြောစကားတွေကို နားထဲ ပြန်ကြားယောင်လာပြီး စိတ်တွေကို ပြန်လည်စုစည်းလိုက်တော့သည်။

ငြိမ်သက်သွားသော စိတ်တို့ကို အခြေခံ၍ ပြောသမျှကို လိုက်မှတ်သားရန် လိုအပ်သည်။ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ရန် ရိုးသား၊ ပြတ်သား၊ မှတ်သား ဆိုသည့် သားသုံးသားကို လိုက်နာရန် လိုအပ်သည်။

ဒေါင်းသက်အလင်္ကာသည် သူငယ်ငယ်က စစ်သည်တော် ဝတ်စုံကို မြင်၍ ခေါင်းဆောင်မှုတော်သော စစ်သည်တော် အရမ်းဖြစ်ချင်သည်။ ထို့အတွက်ကြောင့် သူ ကြိုးစားရမည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Dove le storie prendono vita. Scoprilo ora