<><><> အပိုင်း [၁၇] <><><>

479 34 0
                                    

Uni

သျှိသျှားညို တွေ့လိုက်ပါပြီ။ အိမ်ရှေ့မှာ မန်းကျည်းပင်ကြီး နှစ်ဆစ်၊ သုံးဆစ်အရွယ်ရှိသော မန်းကျည်းသီးတွေဟာ သီးနေသည်မှာ ပြွတ်သိပ်လျက် ရှိသည်။ မြင်ရုံနှင့်ပင် သွားကျိမ်းဖွယ်ရာ အတိပင်။

သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်း နား၍ ရသည်ဆိုသည့် စကားပုံကို ယခုမှပဲ လက်ခံနိုင်တော့သည်။ ငှက်တင်မက လူပင် သစ်ပင်အရိပ်ကို နား၍ ရသည်မဟုတ်လား။

အရိပ်ကောင်းကောင်း မန်းကျည်းပင်ကြီးအောက်တွင် မစ်ဆူဘီရှီ ကားအဖြူလေးကို ရပ်လိုက်သည်။ ကားရပ်လိုက်သည်နှင့် ဖုန်လုံးတို့က တရိပ်ရိပ်တတ်လာသည်ကို လှမ်းမြင်ရတော့ ဆံရှည်ရှည်နှင့် ဖြူဖြူဥဥ သျှိသျှားညိုမှာ ဖုန်လုံးတို့ကြောင့် အသက်ရှူရခက်ကာ မွန်းကြပ်လာသည်။

ထိုအခါမှ ဒေါင်းအလင်္ကာလည်း ကားပေါ်သို့ ပြန်တတ်လိုက်ပြီး Mask တစ်ခုယူ၍ တပ်ပေးလိုက်တော့ အချောင်းဆိုးတာ ရပ်သွားလေရဲ့။

"ဟဲ့ ဇင်ယော် ဒီအိမ်ဆိုတာ သေချာတယ်နော်"

"ဟာ မှိုင်းညိုကလည်း သေချာပါတယ်ဆို ငါ
အွန်လိုင်းမှာ သေချာကြည့်လိုက်တယ်ဟ ဒီသျှားရွာမှာ မန်းကျည်းပင်ကြီးကြီးဆိုလို့ ဒီတစ်အိမ်ပဲ ရှိတာလေ"

"အေးပါ နင်သေချာရင် ပြီးတာပဲ"

ထိုအခါ မှိုင်းညိုတို့ထက် နည်းနည်းငယ်သော မိန်းကလေးတစ်ယောက်က ထွက်လာပြီး အိမ်ထဲဝင်ဖို့ရန် ခရီးဦးကြိုပြုသည်။

"အမတို့ ဘာကိစ္စလဲ မသိဘူးရှင့် . . . အိမ်ထဲကို ကြွပါနော်"

"ရတယ် ညီမလေး"

မှိုင်းညိုတို့ လေးယောက်လည်း ထိုမိန်းကလေးနောက်သို့ လိုက်သွားလေသည်။ အထဲကိုရောက်တော့ ဖက်ကြမ်းဆေးလိပ်ကြီးကို ငုံခဲထားသော အဘိုးအိုကြီး တစ်ယောက်ကို တွေ့ရလေသည်။

"မင်္ဂလာပါ အဘ"

"အေးကွယ် မင်္ဂလာပါ . . . မိပန်ရေ ဧည့်သည်တွေ အတွက် အကြမ်းရည်လေးနှင့် လက်ဖက်ခွက်လေး ယူခဲ့ပါဦး"

မှိုင်းညိုလည်း သူတို့ကို လာကြိုသော ညီမလေးမှာ မိပန်မှန်း သိတော့သည်။ မိပန်လည်း အဘအား ခေါင်းညိမ့်ပြပြီး မီးဖိုချောင်ထဲသို့ ဝင်၍ လက်ဖက်သုတ်ရန် ပြင်ဆင်တော့သည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Where stories live. Discover now