<><><> အပိုင်း [၃၀] <><><>

503 28 0
                                    

Unicode

ကချေသည်မလေးတွေဟာ လက်ဆစ်ချိုး၍ ဟန်နှင့် ပန်နှင့် သေသေချာချာ ကပြဖျော်ဖြေနေကြလေသည်။ တူရိယာသံတွေနှင့်လည်း သိပ်ကို ပျော်စရာကောင်းလှသည်။ ခြိမ့်ခြိမ့်သည်း စည်းကားလှသော ပွဲတော်ကြီးတစ်ခုလို ဖြစ်နေသည်။

ယနေ့တွင် ဒီလောက်စည်ကားနေပြီး မနက်ဖြန်ကျ မည်မျှတောင် စည်ကားလိုက်မည်နည်း။ လှည်းနေ...လှေအောင်း...မြင်းဇောင်းမကျန် အကုန်လုံးကို လာ၍ ကြည့်ရှု့ဖို့ မိန့်ကြားထားခိုင်းသည်မလား။

ဘုရင်မင်းကြီးရယ်၊ မြောက်နန်းစံမိဖုရားငယ်
နှင့် သူတို့၏ သမီးတော် စံထိပ်ထားတို့ဟာ ယနေ့နေ့လည်ပဲ ပြန်ရောက်ကြခြင်းဖြစ်လေသည်။ ဆင်ဖြူတော်ပေါ်ကနေ အပြုံးကလေးတဝင့်ဝင့်ဖြင့် စံထိပ်ထားလေးဟာ အေးချမ်းလှသည်။

သူသည်လည်းပဲ အဖြူရောင်ဝတ်စုံကလေးကို ဝတ်၍ ပကတိဖြူစင်နေသည့် အသားအရေကလေးနှင့် ကြည့်၍ လှသည်။ နန်းတော်ဆောင်ရှေ့တွင် ကြိုဆိုနေကြသည့် ပုရိသအပေါင်းတို့၏ မျက်လုံးများက ထိုမိန်းမလှလေးဆီသာ စုပြုံနေကြသည်။

ဆင်ဖြူတော်လေးပေါ်ကနေ ဆင်း၍ ပဉ္စသုမနတိုင်း၏ မြေပြင်ပေါ်ခြေချလိုက်သည်နှင့် ပီတိဖြာရသည်မှာ အတိုင်းအထက်အလွန်။

တောင်နန်းစံမိဖုရားကြီးမှာ မျက်နှာထက်တွင် အပြုံးပန်းတို့ဟာ ဝေဝေဆာဆာရှိလျက် ပန်းနံ့သာတို့ဖြင့် ကြိုဆိုသည်။ မိဖုရားငယ်မှာ မိဖုရားကြီးကို မကြည်သော်လည်း အများရှေ့ဖြစ်သောကြောင့် ဟန်ဆောင်အပြုံးတို့ ချိတ်ဆွဲလျက်ရှိနေသည်။

"ပြန်ဆိုကြိုဆိုပါတယ် နှမငယ် . . . နှမ​ပျော်တာမြင်တော့ အမဖြင့် ဝမ်းသာနေတာ"

မိဖုရားကြီးဟာ ခပ်ကြီးကြီးဇွန်ပန်းကုံးကို စံထိပ်ထား၏ ဆံထုံးလေးမှာ ပတ်ပေး၍ ပြောလာသည်။ မေတ္တာဓာတ်ကလေး ခပ်အေးအေးဖြင့် ပြောနေသည်ကို စံဒေဝီ၏ စိတ်ထဲတွင် ရွဲ့ပြောနေသည်ဟုသာ ထင်မြင်နေသည်။

အထင်နှင့် အမြင်တို့ လွဲမှားနိုင်တာ ဓမ္မတာပင် မဟုတ်လော...။

"အိုး...ပျော်တာပေါ့ မမရယ် မမ ပါမလာလို့ နှမစိတ်မကောင်းဖြစ်နေတာ"

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Où les histoires vivent. Découvrez maintenant