<><><> အပိုင်း [၆] <><><>

827 57 6
                                    

Unicode

"အဲ့ဒီအတွက် ပါလာတဲ့ ပစ္စည်းတွေကို ရိုးသားစွာနဲ့ ပြရပါမယ်၊ ကြီးတဲ့ အမှုငယ်စေ၊ ငယ်တဲ့ အမှု ပပျောက်စေဆိုတဲ့ အတိုင်း ဒီသတင်းက ကြီးသွားမှာ စိုးတဲ့ အတွက်ကြောင့်မို့ပါ"

ထိုစကားကို ပြောပြီးတော့ အဲ့ဒီလူကြီးဟာ ဘေးနားက လူတစ်ဦးကို စစ်ဆေးလေသည်။ သူ့ရင်ထဲတွင်လည်း တလှပ်လှပ်နှင့် မည်သို့ လုပ်ဆောင်ရမည်လည်း သူမစဥ်းစားတတ်တော့ချေ။

"ဒီ . . . ဒီအိတ်လား ခဗျ"

သူ့ဘေးက လူကို စစ်နေချိန် သျှိသျှားညိုဟာ ထ၍ ပြောလိုက်လေသည်။

"ဟင်"

အားလုံး၏ အကြည့်တွေဟာလည်း သူ့ဆီမှာပင်။ ပစ္စည်းပျောက်တဲ့ အမျိုးသမီးဟာလည်း ယခုမှ ဝမ်းသာသွားဟန် ရှိသည်။

"သူခိုးတွေ့ပြီဟေ့"

စောစောက သူ့ကို အထုပ်ပစ်ပေးလိုက်တဲ့ လူဟာ တုတ်တွေကိုင်ထားတဲ့ လူတစ်စုကို မိမိကို သူခိုးဟူ၍ ပြောလာလေသည်။ ထိုတုတ်ကိုင်ထားတဲ့ လူတွေဟာလည်း သူ့ဆီ ပြေးလာကြသည်။

"မဟုတ်ဘူး . . . အကျွန်ုပ် ယူတာမဟုတ် . . . အား"

သူမဟုတ်ကြောင်းကို ဆုံးအောင်ပင် မပြောလိုက်ရ တုတ်ဖြင့် သူ့ကို ဝိုင်းရိုက်ကြတော့သည်။ ခေါင်းတွေ မူးလာသည်နှင့်အမျှ နာကျင်မှုတွေကလည်း ပိုတိုးလို့လာရသည်။ အပေါ်ကို မော့ကြည့်လိုက်ချိန်တွင် ဝါးလုံးဖြင့် သူ့အားရိုက်ရန် ချိန်ရွယ်နေတော့သည်။

"ရပ်ကြစမ်း"

ဝါးလုံး၏ ရိုက်ချက်အား ခံရန်စောင့်မျှော်နေစဥ် အမျိုးသမီးတစ်ဦး၏ အသံအား ကြားရလေသည်။ ထိုအခါမှ အလွန်ဝမ်းသာသွားရသည်။ ကိုက်ခဲလာသော ဦးခေါင်းအားထိန်းရင်း မြေပြင်ကြီးဟာ လည်ပတ်နေသလိုပင် ခံစားလာရသည်။ ချာလပတ်ရမ်းနေသာ မျက်လုံးတွေဟာ တဖြေး​ဖြေး မှိတ်ကျသွားပြီး ဦးခေါင်းထက်က နာကျင်မှုကိုတောင် မခံစားနိုင်ရတော့ပဲ သတိလစ် မေ့မျောသွားပြီး စိတ်နဲ့ ကိုယ်နဲ့ မကပ်တော့ပေ။

"ဟေ့လူ သတိထားအုံးလေ"

ထိုအမျိုးသမီး၏ အသံကိုပင် မကြားနိုင်တော့ သူအသိတွေဟာ လုံးလုံးကို ဆုတ်ယုတ်သွားချေပြီ။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Donde viven las historias. Descúbrelo ahora