<><><> အပိုင်း [၅] <><><>

1K 67 2
                                    

Unicode

တဖြေးဖြေး မောဟိုက်လာသည်နှင့်အမျှ ​ဒူးနှင့် တတောင်ထက်က နာကျင်မှုကိုတောင် မခံစားနိုင်အား ဧရာဝတီကမ်းစပ်သို့ ရောက်မှန်းမသိ ရောက်လာလေသည်။ သူလည်းရောက်ရော ဦးသာအောင်တို့ စက်လှေဟာ သွားဖို့ပြင်နေတုန်းပင်။ သူလည်း ကမ်းစပ်ကနေ ရေထဲသို့ အတင်းပြေးဆင်း၍ အော်ခေါ်လိုက်လေသည်။

"ဦးလေးသာအောင် . . . ဦးလေးသာအောင်"

"အေး ငါ့တူကြီး ဘာဖြစ်လာတာလဲ"

သို့မှ စက်လှေပေါ်ကနေဆင်းပြီး သျှိသျှားညိုထံ ရောက်ချလာလေသည်။ သူလည်း မောဟိုက်နေသော ရင်အစုံအား အသာထိန်းပြီး ​စကားတို့အား ပြောရန်ပြင်လိုက်သည်။

"အဖေ့ရဲ့ အလောင်းကို သင်္ဂြုလ်ဖို့ စီစဥ်ပေးပါဦး"

"အော် . . . အေး ဟုတ်သား ဦးလေးမေ့သွားတယ် . . . လာလာသွားကြရအောင်"

"ဟုတ်ဟုတ်"

"ဒါနဲ့ ဖုန်တွေပေပြီး လက်တွေက ဘာဖြစ်လာတာလဲ"

ဦးသာအောင်ပြောတာ ဟုတ်တော့လည်း ဟုတ်သည်။ ထုံးထားတဲ့ ဆံနွယ်တွေနှင့် ကိုယ်ခန္ဓာပေါ်မှာ ဖုန်တွေပင်။ ဖုန်တွေဖြင့် ညစ်ပတ်နေသော်လည်း သူ၏ ချောမောမှုမှာ ပျောက်ပျက်မသွားပေ။

ထုံးထားသော သျှောင်ကို ဖြည်ချလိုက်ပြီး ဖုန်တွေကို ခါလိုက်လေသည်။ အင်္ကျီပေါ်က ဖုန်တွေကိုတော့ လက်ဖြင့် ခပ်ကြမ်းကြမ်း ပုတ်လိုက်တော့ အားလုံးလွင့်ထွက်သွားပြီး အနည်းငယ်သာ ကျန်ရှိတော့သည်။

"လမ်းမှာ ခလုတ်တိုက်ပြီး မှောက်လဲလာတာ"

"အော် သတိထားလာမှပေါ့ကွယ် . . . လာလာ မြန်မြန်သွားကြမယ်"

ဦးသာအောင်လည်း စက်လှေပေါ်တွင်တင်ထားသော အနည်းငယ်ပြဲနေသည့် လွယ်အိတ်အစုတ်ကလေးကို ပခုံးထက်မှာ လွယ်လိုက်လေသည်။

"ကဲ . . . ငါ့လူတို့ ကျုပ်သွားပြီနော်"

"ဟုတ်ပြီဗျို့"

သျှိသျှားညိုရဲ့ လက်အားဆွဲ၍ ထိုနေရာမှ ထွက်လာခဲ့ကြတော့သည်။ ထိုအခါမှသာ သျှိသျှားညိုလည်း အမောပြေတော့သည်။ သို့ပေမယ့် သူဘယ်လိုရင်ဆိုင်ရမည်နည်း။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Donde viven las historias. Descúbrelo ahora