<><><> အပိုင်း [၂၃] <><><>

475 35 0
                                    

Unicode

နေ့လယ်ခေါင်ခေါင်ကြီးတွင် စနေ့ထောင့်ဖြစ်သော အနောက်တောင်အရပ်ကနေ မိုးသားတို့ တစ်ရိပ်ရိပ်တတ်လာချေပြီ။ တိမ်ညိုတိမ်လိပ်တွေဟာ ဝဠာတစ်ခွင်တွင် ဖြန့်ကျက်လျက် ရှိနေပြီ။ ဘယ်အချိန်တွင် မဆို သည်းသည်းမည်းမည်းရွာသွန်းနိုင်သည့် အခြေအနေရှိနေသည်။

ထို့ကြောင့် ဒေါင်းသက်အလင်္ကာလည်း မတည်ငြိမ်နေသော စိတ်တွေကို လျစ်လျူရှု့၍ တောင်နန်းဆောင်ဘက်ဆီ သွားနေမိသည်။

လေဖြူးလေးတွေကြောင့် မြက်ခင်းစိမ်းပေါ်တွင် တဖွဖွကြွေကျနေသော ခရေပန်းလေးတွေပေါ်တွင် ဖြတ်လျှောက်နင်းမိသည်။ ပြားကပ်သွားသော ခရေပန်းတွေကို လည်ပြန်
လှည့်ကြည့်မိလေတော့ နင်းပြီးသွားမှ သနားမိသည်။

ပန်းဆိုသည်မှာ အပင်ပေါ်မှသာ လှပါသည်။ ​ထိုလူဟာလည်း ပြည့်တန်ဆာ ဖြစ်နေသည့်အလျောက် သူ့အလှနဲ့ ပန်းပွင့်လေးတွေလို လှပြီး ကြာပွင့်ဖြူလေးတွေလို နူးညံ့ပါသည်။ သို့သော် ပန်းကလေးတွေလို ကြွေကျ မြေခသွားရပြီး တစ်ပါးသူနင်းမှာကိုတော့ မလိုလားပါချေ။

ကြာပန်းလေးတွေဟာ နူးညံ့သည်လေ။ ထို့ကြောင့် ထိုနူးညံ့တဲ့ ပွင့်ဖက်လေးတွေဟာ နေရောင်ကြောင့်ပဲ ညိုးနွမ်းသွားရသည်မလား။ ကြာပွင့်တွေသည် အပေါ်တည့်တည့်ကို မျက်နှာမူ၍ မားမတ်စွာပွင့်ကြသည်။ နေကြာတွေသည် နေရှိရာ အရပ်ကိုသာ မျက်နှာမူ၍
ပွင့်ကြသည်။

နေမင်းကြီးကို နေကြာပန်းလေးတွေဟာ မျှော်ကြည့်နေသကဲ့သို့ ကြာပန်းပွင့်လေးတွေဟာလည်း နမ်းရှိုက်မယ့်သူ ယုယပေးမယ့်သူကို မားမတ်စွာ ဖူးပွင့်ရင်း ကြာရွက်လေးတွေဖြင့် လုံခြုံစွာရှိလျှက် စောင့်မျှော်နေကြသည်။

တွေးနေရင်း လမ်းလျှောက်နေသည်မှာ စိတ်နဲ့ လူနဲ့ မကပ်ချင်။ မိဖုရားကြီးရဲ့ နန်းဆောင်တောင် ကျော်လာသည်မလား။ ကျစ်တစ်ချက် စုတ်သပ်ပြီး နောက်ပြန်လှည့်ရသည်။ အတွေးများနေသော စိတ်ကိုသာ အပြစ်တင်ရမည်ပေ။

"ဒေါက် ဒေါက်"

တံခါးကို နှစ်ချက်ခေါက်လိုက်သော် အထဲကနေ 'ဝင်ခဲ့ပါ' ဟု မိဖုရားကြီး၏ အသံချိုချိုလေးက ထွက်လာလေသည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Where stories live. Discover now