<><><> အပိုင်း [၄] <><><>

1.1K 85 3
                                    

Unicode

လမ်းပျောက်လာသည့် လူနှစ်ဦးမှာ သျှားညို ဦးလေးအိမ်တွင် ထားမည်ဆိုသော်လည်း တကယ်တမ်းတွင် သျှိသျှားညိုက သူ့အိမ်ကိုသာ ခေါ်လာခဲ့မိသည်။

သျှိသျှားညိုတို့လည်း တဲကိုရောက်တော့ ဖခင်ဖြစ်သူ၏ အလောင်းအား သူအိပ်ခဲ့သည့် ဖျာလေးပေါ်သို့ သေချာစွာ ထားလိုက်လေသည်။ မျက်ရည်တွေဟာလည်း မကုန်နိုင် မခမ်းနိုင်စွာ ကျဆင်းနေမိသည်။

ဝမ်းနည်းစွာဖြင့် ကုလားထိုင်လေးပေါ် ထိုင်ချလိုက်တော့ သူတို့အိမ် တည်းမည့် ဧည့်သည်ထဲက အငယ်ဟာ သူ့နားမှာ လာထိုင်ပြီး သူ့ကို ပြုံးပြလေသည်။

ပြန်ပြီးတော့ မပြုံးပြလိုက်နိုင်ပေ။ ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်လေသည်။ သို့ပေမယ့် ထိုအပြုံးဟာ သူ့ကို အားအင်တွေပေးနေသလို၊ ဝမ်းနည်းနေချိန်မှာ အဖော်ပြုပေးနေသလို သူခံစားရပေသည်။ သူ့ကြောင့် စိတ်ကြည်လင်သွားရသည်။ ရေနစ်နေသူဟာ ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ် ဆွဲထားနိုင်ရင် အားအင် ရနိုင်သည် မဟုတ်လား။

ထို့နောက် အိပ်မောကျနေသော ညီမလေးနှင့် မိခင်တို့အား တစ်ချက်သွားကြည့်လိုက်လေသည်။ ဘေးနားတွင်ထားသော နှီးယပ်တောင် အစုတ်ကလေးအား ခြင်၊ယင်၊မှက် မလာစေရန် ဟိုဘက် ဒီဘက် ယပ်ခပ်ပေးလိုက်လေသည်။

သူအခုစဥ်းစားနေမိသည်က မိခင်ကို ဘယ်လို ဆေးကုရမလဲ၊ ဘာအလုပ်ကို လုပ်ရမည်လဲ သူမသိတော့ပေ။ ယောကျာ်းလေးဖြစ်ပြီး မည်သည့်အလုပ်ကြမ်းကိုမျှ သူမလုပ်နိုင်။

ရွာထဲတွင်လည်း မည်သည့်စာမျှ မတတ်သည့်သူ့ကို မည်သူမျှ အလုပ်မခိုင်းလောက်ကျပေ။ လယ်လုပ်ရအောင်ကလည်း သူတို့ပိုင်သည့် မြေမရှိ။ ယခုတောင် ရွာက ပိုင်တဲ့ ကြာကန်လေးဘေးမှာ တဲထိုးပြီး နေရသည်မလား။ နဂိုက မယ်မယ်ရရ အလုပ်အကိုင်မရှိသည့် သူအတွက် ယခုမှ အခက်တွေ့နေပေသည်။ သက်ပြင်းမောကို တစ်ချက်ချပြီး နောက်နေ့တွေ အတွက် ရင်လေးနေရတော့သည်။

ဝေ့တတ်လာသော မျက်ရည်တို့အား မကျမိအောင် ထိန်း၍ ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။ ဧည့်သည်တွေနေဖို့ နေစရာထိုင်ခင်းနှင့် စားသောက်စရာတွေ ပြင်ဆင်ပေးရအုံးမည်လေ။ အမေချက်ထားသည့် ဆန်ကွဲ ထမင်းလေးရယ်၊ ကြာကန်စပ်က ရေကန်စွန်းရွက်လေးတွေကို ချက်ပေးလိုက်ရမည်။ သိပ်ကို ဆင်းရဲပါလားဟူ၍ ကိုယ့်ကိုကိုယ် အားငယ်လာမိသည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Where stories live. Discover now