Unicode
လလုံးကြီးဟာ ထက်ဝက်ခြမ်း သဏ္ဍာန်ဖြစ်လို့ နေလေသည်။ ညရဲ့ အမှောင်ထုဟာ ကြီးစိုးလို့ နေသည်။ တချို့တစ်နေရာလေးတွင် အစိမ်းရောင်လိုလို၊ အဝါရောင်လိုလို အလင်းရောင်လေးတွေဖြင့် ဝင်းလက် ဝင်းလက်နှင့် ပိုးစုန်းကြူးလေးတွေကိုလည်း မြင်ရတတ်သေးသည်။
"ဒေါက် . . . ဒေါက်"
"ငါပါ . . . အလင်္ကာ"
"အော် အေး ဝင်ခဲ့လေ အလင်္ကာ"
ပေရွက်တွေဖြင့် စာအုပ်ပုံသဏ္ဍာန် လုပ်ထားသော ထိုပေရွက်လွှာတွေထဲတွင် ခေါင်းစိုက်၍ ဒေါင်းမွှေးဖြင့် မှင်တို့တို့ပြီး စာရေးနေသော နုမော်မှာ အလင်္ကာ့အား ဝင်ခဲ့ရန် ပြောလိုက်လေသည်။
အခန်းတွင်းထဲတွင်လည်း ဆီမီးခွက်များ ထွန်းညှိထားသောကြောင့် လင်းထိန်နေသည်။ အလင်္ကာလည်း ခုံလေးတစ်ခုတွင် ဝင်ထိုင်၍ ပြောစရာ စကားလုံးများ ရှာနေသည်။
"ပြောစရာ ရှိလို့လား အလင်္ကာ"
"အင်း ဆိုပါတော့ နုမော်"
"ပြောလေ"
နုမော်သည် အလင်္ကာနားက ခုံတွင် လာထိုင်၍ သောက်ရေတစ်ခွက် ကမ်းပေးလိုက်သည်။ အလင်္ကာလည်း နုမော်ပေးသော သောက်ရေခွက်လေးအား မော့သောက်လိုက်သည်။ ပြီးမှ စားပွဲလေးပေါ်တွင်၍ စကားစသည်။
"မင်းတို့ သျှိသျှားညိုကို တောင်းပန်သင့်တယ်"
"ဘယ်လို"
အလင်္ကာပြောလာသော စကားကြောင့် နုမော် မထင်ထားပေ။ သူထင်သည်မှာ ညနေက သင်ကြားပေးခဲ့သော စာပေအကြောင်း ထင်နေသောကြောင့် အံ့သြမိသည်မှာလည်း မဆန်း။
"ဘာအတွက်လဲ သေချာရှင်းအောင် ပြောမှပေါ့"
"အင်း မင်းတို့ အထင်လွဲနေတာကိုလေ တကယ်တော့ သျှားညိုက သိပ်သနားစရာ ကောင်းတာဟ"
ဒေါင်းသက်အလင်္ကာလည်း သူနှင့်စတွေ့ တုန်းက ဆံနွယ်ရှည်ရှည်နှင့် သူ၏ ပုံစံလေးကို မြတ်နိုးစွာ ဆိုမိလေသည်။
ကြာကန်ဘေးတွင် ငိုပြီး အားငယ်နေရှာသည့် ထိုသူ၏ ပုံရိပ်တွေကို သူမျက်လုံးထဲက ခုထိမထွက်ပေ။ ကြာပွင့်ဖြူလေးကို သူ့အား ပေးနေသည့် ပုံစံလေးမှာ ငြိုးငယ်နေသော်လည်း အားတတ်စွာ သူ့အား စကားပြန်ပြောနေသည်မှာ သူ့ကိုယ်သူ သန်မာပါသည်ဟု ကိုယ့်ကိုကိုယ် ပြန်အားပေးနေသယောင်။
VOCÊ ESTÁ LENDO
❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)
Ficção Históricaတစ်ခါတလေ အဖြူရောင်နှင်းဆီတွေကို မေ့ထားပြီး အနီရောင် တောပန်းကလေးတွေလည်း သတိရကြည့်ပါ။ မြင့်မြတ်တဲ့ အလှတရားတွေ ရှိနေတတ်တယ် This fiction that does not represent 18+ Completed!!! art by SakuraRain Art crd Warning ⤵️⤵️⤵️ Uke weak !!! Myanmar Historical...