<><><> {Please , To Read} <><><>

230 15 0
                                    

Unicode

သေချာလေးဖတ်ပေးစေချင်တယ် Please

ကြာဖြူ ပုံပြင် ဆိုတဲ့ ကဗျာလေးကလေ ဒဏ္ဍာရီမိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲက ကဗျာလေးကို Reference ယူပြီး ရေးသားထားတာပါ။

ဒါက ဒဏ္ဍာရီမိုး ရဲ့ကဗျာ ⬇️⬇️⬇️

မိုးတွေရွာတိုင်း . . . ငိုမှာလား
ထီးကလေး . . . ငါ  ဆောင်းလိုက်ပါ
ထစ်ချုန်းသံကြား . . . ကြောက်နေမလား
ရင်ခွင်မွေ့မှာ . . . အိပ်မက်ပါ . . .
တိမ်ညိုမှိုင်းပြာ  လွမ်းမိလား
ဆိုဖူးသံစဥ်  ညည်းလှည့်ပါ . . .
နှစ်လရှည်ကြာ  စောင့်နေလား . . .
ညအိပ်မက်မှာ  လှမ်းခဲ့ပါ . . .
နမ်းခဲ့ပါးပြင်  စိုနေလား . . .
မိုးစက်မှုန်ကြား  ငိုလိုက်ပါ . . .
လာမယ့်လှမ်းမှာ  မျှော်တုန်းလား
အချစ်ဆုံးဆိုတာ ယုံလိုက်ပါ . . .
ကမ္ဘာခြားပြီ  ထင်လို့လား
မောင့်၀ိညာဥ်က  မင်းဘေးမှာ . . .
ရွှေရင်ကွဲလို့   မေ့ခက်လား . . .
ပုံပြင်လေးလို့  ပြောလိုက်ပါ . . .
ဒဏ္ဍာရီဆို . . . တစ်သက်စာ . . . ။

*****************

ဒါက ကိုယ်ရေးတဲ့ ကြာဖြူပုံပြင် ⬇️⬇️⬇️

ကြာဖြူမြင်တိုင်း . . . ပေးမှာလား
မေတ္တာတွေဖြင့်  ခံယူမှာ . . .
တဲနားဘေးမှာ . . . ငြီးငွေ့လား
ဝင်္ကမြို့ကို  ခေါ်သွားမှာ . . .
မောင်ကြီးခေါ်ရာ လိုက်မှာလား . . .
ပေရွက်လွှာဖြင့် အကြောင်းပြန်ပါ . . .
နမ်းခဲ့ ကြာဖြူ . . . ခြောက်နေလား
ရင်နှင့် အမျှ . . . သိမ်းထားမှာ
သျှားညိုလက်ရာ လွမ်းမိသား
ကန်းစွန်းရွက်ကြော်နှင့်  ဟင်းချိုပါ
ထားခဲ့ ဒေါင်းမွှေး . . . သိမ်းလေသလား
ပျောက်သွားရင်ကွယ် . . . ငြိုငြင်မှာ
မဖြစ်နိုင်ဘူးဆိုတာ သိလေသလား . . .
မဖြစ်ဖြစ်အောင် . . . ရှေ့ဆက်မှာ
အားတင်းထားပါ . . . မောင့်သျှားရာ . . .
ရွှေကြာဖြူဆို . . . ချစ်သက်သေပါ . . .။

Ok တယ်နော် အဲ့တာဆို ကိုယ်က စာသားတစ်ချို့ကို Crd ပေးပါတယ်နော်။

ဇာတ်လမ်းအစမှာ ပြောထားတဲ့ "နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ပြီဖြစ်လေရာ" ဆိုတာလေးကလေ သူတို့ရဲ့ အဖြစ်အပျက်က နှစ် ၇၀ ကြာတယ်လို့ ပြောတာ မဟုတ်ဘူးနော်။ နန်းတော်ကြီး ပျက်ယွင်းတာကို ပြောတာပါနော်။ ကဲပါ အဲ့တာတွေက Completed ဖြစ်သွားရင် အားလုံးနားလည်သွားပါလိမ့်မယ်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ