<><><> အပိုင်း [၁၅] <><><>

632 42 0
                                    

Unicode

လှမ်းနေသော ခြေလှမ်းတွေဟာ ပျဥ်တွေထက်တွင် လေးလံနေမိသည်။ တစ်လှမ်းခြင်း လှမ်းလိုက်တိုင်း ညင်သာမှု အပြည့်ဖြစ်သည်။

သူ၏ ယောကျာ်းမာနတွေကို ခဝါချရလောက်အောင်ပင် သူ့ပုံစံက မိန်းကလေးတစ်ယောက် နှင့် အလွန်တူနေသည်မှာ သူ့ကို ငေးကြည့်နေ
ကြသည့် မျက်ဝန်းတွေက သက်သေပင်။

သူ၏ မျက်ဝန်းတွေက ဘာဆက်လုပ်ရမည်နည်း၊ ဝေခွဲရခက်စွာပင် ဒီထက်ပိုပြီး ခြေလှမ်းတွေကို သွက်လိုက်တော့ သူဝင်ရမည့် အခန်းကို ရောက်သွားသည်။

ထိုအခန်းထဲတွင် ကုတင်တစ်လုံးနှင့် လေးထောင့် စားပွဲတစ်ချပ်သာ ရှိသည်။ ထိုစားပွဲပေါ်တွင် အလျှံငြီးတောက်လောင်နေတဲ့ မီးတွေဟာ ဖွေးဖွေးဖြူနေသော ဖယောင်းတိုင်လေးထက်တွင် နီရဲပြင်းပြစွာ တောက်လောင်နေသည်။

ထိုမီးရောင်မှိန်ပျပျကြောင့် အခန်းတွင်းဟာ လင်းလက်နေလျက်ရှိသည်။ ထိုလင်းလက်နေသည်ကပင် သူ့ကို ပို၍ ကြောက်ရွံ့ထိပ်လန့်စေမှုကို လှုံ့ဆော်ပေးနေသလိုပင်။

ဆီးမီးဘေးတွင်တော့ ​ရွှေအိုရောင်အဆင်းရှိပြီး ရှည်မျောမျော ကြွေပန်းအိုးလေး ထားရှိပြန်သည်။ ထိုအိုးလေးထဲတွင် နီရဲရဲ သစ္စာပန်းတွေ သုံးခိုင်လောက် ထိုးစိုက်ထားသည်။

သူ့ခြေလှမ်းတွေက ကုတင်ကို ထက်ပြီး ဦးတည်လိုက်သည်။ ထိုင်လိုက်သည်နှင့် တစ်ပြိုက်နက်တည်း နူးညံ့မှုနှင့် အမျိုးအမည် မသိသော မွှေးရနံ့ကို ခံစားရစေပြန်သည်။ ဒါဟာ သစ္စာပန်းရနံ့လည်း မဖြစ်နိုင်ပေ။

"အော် ရောက်နေတာလား မိုးပေါ်က နတ်သမီးလေးလို လှပပါပေတယ် နှမငယ်"

သျှောင်ကို တစ်ဖတ်သတ် ပခုံးထိတွဲကျအောင် ထုံးထားသော အမျိုးသားတစ်ယောက် ရောက်လာလေပြီ။ သေရည် ရနံ့ကို ထိုလူ စ,ဝင်ထဲက ရနှင့်လိုက်သည်။ ကြောက်စိတ်တွေက တစ်စထက် တစ်စ ပိုတိုးရပါသည်။

"အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဗူလ ပြီးတော့
ပပဝတီတို့ထက်ကိုပင် ချောမောနေမှုဟာ ကျုပ်ရဲ့ စိတ်ကို နှမငယ် ကျီစားနေသလိုပဲ ဟားဟားဟား"

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Donde viven las historias. Descúbrelo ahora