Unicode
မြွေကြီးတစ်ကောင် လဲလျောင်းလျက်
ပုံသဏ္ဍန်ရှိသော ဧရာဝတီမြစ်ကြီးရဲ့ တစ်ဖက်ဘေးဖက်ကမ်းတွင် ဝရတုမန တောင်တန်းကြီးရှိလေသည်။ ထိုတောင်တန်းကြီး၏ အရှေ့ဘက် တောင်စွယ်တွေ ကြားမှာ ငွားငွားစွင့်စွင့်ထွက်ပေါ်နေတဲ့ နေလုံးနီနီကြီးဟာ မမှောင်တစ်မှောင် ကောင်းကင်ကြီးနှင့် အပြိုင် လှပနေသည်။တောင်တန်းကြီးရဲ့ တောင်ဘက် သျှားမြိုင်လို့ ခေါ်တဲ့ တောထဲမှာတော့ ကစ္စဝတီနန်းတော်ကြီးဟာ သုမနအမည်ရှိတဲ့ ဘုရင်မင်းတရားကြီး လက်ထက်ထဲက ပြုပြင်ထားသည်မှာ ယခုထိတောင် မပျောက်မပျက်တည်ရှိနေသည်။
မူလပုံစံတော့ မဟုတ်ပေမယ့် နန်းတော်ကြီးမှာ တည်ဆောက်ထားတဲ့ အုတ်ချပ်တွေ၊ ဆေးရေးပန်းချီ၊ ခြူးပန်း၊ ခြူးနွယ်၊ အနုစိတ်လက်ရာတွေဟာ ထိန်းသိမ်းသူမဲ့မှုကြောင့် ပျက်စီးရလေသည်။ ဆေးရောင်တွေကွာကျနေသော နန်းတော်ကြီးသာ အနည်းငယ်ကျန်ရှိတော့သည်။ နန်းတွင်းထဲတွင် နွံပုတ်တွေသာ ကျန်ရှိလေသော ကြာကန်ကြီးဟာ ရေညှိတွေ၊ ဒိုက်ပုံ(အမှိုက်သရိုက်)တွေဖြင့် ညစ်ပတ်ပေရေနေသည်။ ရေပုတ်စော်တွေကလည်း နံဟောင်လျက်။ ထိုရေပုတ်တွေထဲမှ ပဒုမ္မာကြာပန်းပွင့်လေးဟာ မားမားမတ်မတ်လှပစွာ ဖူးပွင့်နေကြလေသည်။
ထိုကြာပန်းပွင့်လေးဟာ သျှိသျှားညို အမည်ရှိတဲ့ ယောကျာ်းပျိုလေးရဲ့ ကျိန်စာကြောင့် ရောဂါအမျိုးမျိုးကင်းဝေးသလို သုံးစွဲသူတိုင်းဟာလည်း တစ်ခုမဟုတ် တစ်ခုတော့ ပြန်ဖြစ်တတ်သည်။ "တစ်ခုလိုချင်ရင် တစ်ခုတော့ ရင်းနှီးပေးဆပ်ရမည်" ဆိုသည့် နိယာမအတိုင်းပေလား။ သို့တည်းမဟုတ် ထိုကြာပန်းဟာ မှော်ကြာပန်းဖြစ်နေသလား စဉ်းစားစရာပေ။
သစ်ပင်ဝါးပင်တွေသာလျှင် ပေါက်ရောက်လျက်ရှိသည်။ တောကောင်သံတွေက လွဲလို့ မည်သည့် အသံမျှမကြားရပေ၊ လူသံဆိုဝေးစွ။
မဉ္ဇူသက(နတ်ပန်း)၊ အင်ကြင်း၊ စန္ဒကူး၊ ဆိပ်ဖလူး၊ စံပယ်၊ သောက၊ နှင်းဆီ၊ မြတ်လေး၊ ဇီဇဝါ၊ ဇလပ် အစရှိတဲ့ ပန်းရနံ့တွေဟာလည်း နန်းမြို့ဟောင်းကြီးနှင့် သျှားမြိုင်တောပတ်ပတ်လည်တွင် မွှေးပျံ့စွာ ရှိနေသည်။ ညအခါတွင်တော့ ညမွှေးပန်းရနံ့သာ ရရှိလေသည်၊ အခြားသောပန်းရနံ့တွေထက်ကို ထိုပန်းရနံ့က ဖုံးအုပ်သည်။
KAMU SEDANG MEMBACA
❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)
Fiksi Sejarahတစ်ခါတလေ အဖြူရောင်နှင်းဆီတွေကို မေ့ထားပြီး အနီရောင် တောပန်းကလေးတွေလည်း သတိရကြည့်ပါ။ မြင့်မြတ်တဲ့ အလှတရားတွေ ရှိနေတတ်တယ် This fiction that does not represent 18+ Completed!!! art by SakuraRain Art crd Warning ⤵️⤵️⤵️ Uke weak !!! Myanmar Historical...