<><><> အပိုင်း [၂၈] <><><>

484 27 0
                                    

Unicode

"ပြုတ်ကျမယ် မောင့်သျှားရယ့်"

လှေထိပ်ဦးပိုင်းပေါ်တွင် သျှိသျှားညိုမှာ ရေပြင်လေးပေါ်တွင် လက်ကလေးဖြင့် ရေများကို ဟိုဟိုဒီဒီ ပက်၍ ကြည်နူးနေသည်။ ထိုအခါ ဒေါင်းသက်အလင်္ကာကို လာပက်သောကြောင့် အလင်္ကာ့၏ မျက်နှာမှာ အေးစက်စက်ရေတို့က လာစင်သောကြောင့် ဟန်ချက်ပျက်သွားပြီး နှစ်ယောက်စလုံး ပြုတ်ကျသွားမှဖြင့် အခက်တွေ့နေပေမည်။

ထိုအခါမှ သျှိသျှားညိုမှာ ရယ်မောလျက် လက်ကလေးကို ရုတ်လိုက်ပြီး လက်မှာ ကပ်ကျန်နေခဲ့တဲ့ ရေစက်ကလေးတွေကို ခါလိုက်သည်။ ရေပြင်ပေါ်မှာ လွင့်ခါလိုက်သော ရေစက်ကလေးတွေဟာ လှိုင်းငယ်လေးတွေ ဖြစ်ပေါ်စေသည်။

"ကိုယ်တို့ ကမ်းပေါ်ပြန်တတ်ရအောင်"

"ဟုတ်"

သျှိသျှားညို၏ ဟုတ် ဆိုသော ပြန်ဖြေသံလေးကို ကြားရသည်မှာ အလင်္ကာ့၏ စိတ်ထဲတွင် သာယာနာပျော်ရွှင်ဖွယ်ကောင်းသော ကဗျာလင်္ကာဋီကာလေး တစ်ပုဒ် ဖြတ်၍ စီးဆင်းသွားသလိုပင် ဂန္တဝင်မြောက်လှပေသည်။

လှေကလေးကို ဖြေညှင်းစွာ လှော်ခတ်ရင်း ချစ်ရသူ၏ မျက်နှာကလေးကို ရှု့တစိမ့်စိမ့်
ကြည့်၍ နေရသည်မှာ အလင်္ကာ့အတွက်တော့ မဆန်းပြားပေမယ့် ခမ်းနားပါသည်။

ကန်ရေထက်ကနေ ဖြတ်လျှောက်လာတဲ့ လေညှင်းကလေးတွေဟာ သျှိသျှားညို၏ မျက်နှာပြင်အနှံ့ မွတ်သိပ်ကျီစယ်နေသည်။ လေလေးတဖြူးဖြူးနှင့် လှေကလေးပေါ်တွင် သျှိသျှားညိုမှာ မျက်လုံးကလေးကို စုံမှိတ်၍ ငြိမ်သက်စွာ လိုက်ပါလာသည်။

သျှိသျှားညို၏ တပတ်လျှိုထုံးထားသော ဆံထုံးလေးထက်က နှင်းဆီရနံ့သည် လေအဝှေ့တွင် ကပ်ပါလာသောကြောင့် ဒေါင်းသက်အလင်္ကာ့ ဆီသို့ တစ်စိုက်မတ်မတ် နှင်းဆီရနံ့ ရမိသည်။

"မိုးအုံ့လာပြီ မိုးရွာတော့မယ် ထင်တယ်"

စနေ့ထောင့်ထဲဆီက တိမ်ညိုတိမ်လိပ်တွေကို သျှိသျှားညိုမှာ စိုးရိမ်ပူပန်သလိုလေးဖြင့် ပြောနေသည်။

"ချမ်းနေပြီလား"

"မချမ်းပါဘူး . . . နည်းနည်းလေးတော့ အေးစိမ့်စိမ့်ဖြစ်ပေမယ့် သျှားညို နေနိုင်ပါတယ်"

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Where stories live. Discover now