<><><> အပိုင်း [၂၆] <><><>

497 39 0
                                    

Unicode

နိုးထလာရသော မနက်ခင်းပိုင်းသည် အမှောင်ယံ တို့တောင် မပျောက်ပျက်သေးပေ။ ကျေးငှက်တို့၏ အသံဟာလည်း မျက်ဝန်းမဖွင့်ရသေးခင် အသိကပ်စဥ်တည်းက ကြားနေရသည်။ လှုပ်လီလှုပ်လဲ့ မျက်ဝန်းတို့ကို ဖွင့်လိုက်သော် မျက်တောင်တို့ဟာ အထက်အောက် စုန်ဆန်ခတ်၍ အဖွင့်အပိတ်လုပ်မိသည်။

တစ်ညဥ့်လုံးအိပ်ထားသည့်အတွက် လှဲထားသော ကျောမှာ ပူထူနေပါသည်။ ထို့အတွက် အကျောဆန့်၍ အညောင်းအညာဖြေမိသည်။ မသေမသပ်နှင့် ကပိုကရိုဖြစ်နေသော ဆံနွယ်ရှည်တွေကို သစ်သားဘီးလေးဖြင့် ဖီးသင်၍ သေသေသပ်သပ်လုပ်၍ ပြင်လိုက်သည်။

ညတုန်းက တိုက်ခတ်သော​ လေညှင်းလေးတွေကြောင့် ခြုံထားသောဖျင်တဘတ်လေးကို သေချာခေါက်သိမ်းလိုက်ပြီး လသာဆောင်ကဘက်ကို အကြည့်ရောက်မိတော့ ဝိုးတဝါး မြင်ရသေးသော အမှောင်ထုကြားထဲက လရောင်ခပ်ဖွေးဖွေးလေးဟာ မှေးမှိန်နေပေမယ့် အေးမြပြီး သိပ်ကို ကြည်နူးစေမိသည်။

"ကျွီ"

ကြားလိုက်ရသော တံခါးဖွင့်သံလေးကို ရုတ်တရက်ကြောင့်မို့ လန့်သွားမိရပြီး ဆက်ကနဲ ဆိုသလို ဦးခေါင်းကို တံခါးဖွင့်သံ ကြားရဆီ လှည့်ကြည့်မိလေသည်။

"ဟော သျှားညို လေးက နိုးနေပါပကောလား"

"ဟုတ်တယ်"

"ပြန်အိပ်ချင် အိပ်ပါရော့လား၊ ဒီနေ့ ယာဂုကျိုလို့ သျှားညို အတွက်လာပို့ပေးတာ"

"ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်နော်"

"မလိုပါဘူးကွယ်"

သျှိသျှားညိုရဲ့ အထိန်းတော် သုဇာတာမှာ သျှိသျှားညိုအား ယောကျာ်းလေးတစ်ယောက် ဆိုတာကို သိသော်ငြားလည်း မိန်းမပျိုအဝတ်အစားတွေနှင့် ဆင်ယင်ထားပြီး ရှင်းသန့်ကျော့မော့ လှပသော သျှိသျှားညိုအား ညီမအရင်းတစ်ယောက်လို ချစ်ပေးပါသည်။

ဘယ်လောင်ပင် အတိတ်မည်း အရိပ်မည်းတွေ ရှိနေခဲ့ပါစေ။ ထိုအမည်းစက်တွေအား ထွေးပွေ့မထားတော့လိုပါ။ မေ့ဖို့ခက်တာ သိပေမယ့်လည်း မေ့နိုင်အောင် ကြိုးစားစေချင်သည်။ တခါတလေ သျှိသျှားညိုသည် အဝေးကို ခပ်လေးလေး ငေးနေသည့်အခါကို သုဇာတာ မြင်ရတော့ 'အတိတ်ဆိုးတွေ တွေးနေပြီလား' ဟု စိတ်မချမ်းမြေ့စွာ ရေရွတ်တတ်သည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Où les histoires vivent. Découvrez maintenant